ဖားကန့် တွင် စစ်တပ်ကုန်းတစ်ခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး စစ်သား ငါးဦး ဒဏ်ရာရ


Nov 8,2022

ဖားကန့် မြို့နယ် ဒေသအခေါ် ဆိပ်မူစစ်တပ်ကုန်းတွင် လက်နက်ကြီး နှစ်လုံးပစ်ခတ်ခံရပြီး စစ်သားငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၇ ရက် ည ၄ နာရီအချိန်ခန့်တွင် အမည်မသိ အဖွဲ့တစ်ခုက လက်နက်ကြီး နှစ်ချက် ပစ်ခတ်ခဲ့ရာ တစ်လုံးသည် စစ်တပ်ဝန်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၅ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း ဖြစ်စဥ်သိရှိသူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”ငါးနာရီထိုးခါနီးလေးအချိန်မှာလာပစ်သွားတယ်။ အသံတော့အကျယ်ကြီးပဲ သေဆုံးတာရှိမရှိ တော့မသိရသေးဘူး။ ဒါပေမယ့် စစ်သားငါးယောက် တိတိ ကျတော့ဒဏ်ရာတွေရသွားတယ် မနေ့ကတော့ အဲ့ငါးယောက်လုံးသေတယ်ထင်တာ အခုသတင်းပြန်ရတာက မသေဘူး ဆေးကုနေတဲ့အထဲမှာပဲ” ဟု အထက်ဖော်ပြပါ အမျိုးသားက ပြောသည်။

စစ်တပ်ကုန်း ပစ်ခတ်ခံရမှုအပြီး ၅ နာရီခွဲအချိန်ခန့်တွင် စစ်သားများက လက်နက်ငယ် အချက် ၅၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူလူထု ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် အဆိုပါ စစ်တပ်ကုန်းတွင် စစ်ကောင်စီ အင်အား ၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်ရှိ စီးပွားရေးဘဏ်အနီးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးများ မိုင်းခွဲခံရမှု မကြာခဏဖြစ်ပွားလျက်ရှိနေသည်။


Kachin News Group 

ဖားကန့် တွင် စစ်တပ်ကုန်းတစ်ခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး စစ်သား ငါးဦး ဒဏ်ရာရ ဖားကန့် တွင် စစ်တပ်ကုန်းတစ်ခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး စစ်သား ငါးဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:39 Rating: 5

No comments:

Powered by Blogger.