မုံရွာ-ချောင်းဦးလမ်းပိုင်းမှာသံချပ်ကာကားနဲ့ JUMMER ကားတို့ မိုင်း ၃ ကြိမ်ဆွဲခံရပြီး စစ်သား ၂၀ ခန့်သေဆုံးတယ်လို့ဆို


ချောင်းဦး၊ အောက်တိုဘာ ၅ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာ အင်အား ၆၀ ခန့်ပါတဲ့ စစ်ကောင်စီ သံချပ်ကာ ယာဉ်တန်းကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂၀ ခန့်သေဆုံးနိုင်တယ်လို့ Monywa Peregrine People's Defence Force ဗိုလ်လေပေါက မြေလတ်အသံကိုပြောပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့က မုံရွာကနေ ချောင်းဦးဘက်ကိုသွားတဲ့ ယဉ်တန်းမှာ JUMMER ကား ၁ စီးနဲ့သံချပ်ကာကား ၂ စီးကို တဖက်ပွင့်မိုင်း၊ ပဒေသာမိုင်းတွေနဲ့ ၃ ကြိမ်တိတိမိုင်းခွဲတိုက်ခိုက်ခဲ့ တာလို့ ဆိုပါတယ်။

"ပထမအကြိမ်တိုက်ခိုက်တာက တဖက်ပွင့်မိုင်း ၂ လုံးနဲ့ JUMMER ကားကိုပထမဆုံးတိုက်ခိုက်ခဲ့တာ၊ အဲဒီမှာ JUMMER ကားကထိုးရပ်သွားတာရှိတယ်၊ မုံရွာပိုင်နက်ထဲမှာမိုင်းဆွဲခဲ့တာ၊ ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက်တာကလည်း မုံရွာချောင်းဦးလမ်းပိုင်းမှာပါ၊ ဒုတိယအကြိမ်မှာ ပဒေသာမိုင်း ၅ လုံးနဲ့ဆွဲတိုက်ခိုက်ခဲ့တာ၊ ဒုတိယအကြိမ်တိုက်ခိုက်တာမှာ သံချပ်ကာကားရဲ့နောက်မှီးမှာရှိတဲ့ လေးငါးကောင်တော့ထိသွားတယ်၊ သေဖို့ကများတယ်၊ အဲဒီနားမှာခြေထောက်ပြတ်ကြီးတွေကျန်ခဲ့တယ်၊ တတိယအကြိမ်ထပ်မိုင်းဆွဲတာမှာ သံချပ်ကာကားရဲ့အလည်တည့်တည့်ကို မိုင်းဆွဲတိုက်ခိုက်လိုက်တာ၊ အဲဒီမှာ ၁၅ ယောက်အနည်းဆုံးကျမယ်လို့ ခန့်မှန်းရတယ်၊ အတွင်းသတင်းအရလည်း အကောင် ၂၀ လောက်သေဆုံးတယ်ပြောပါတယ်၊ ဘယ်တပ်ရင်းကလိုတော့မသိရပါဘူး၊" လို့ ဗိုလ်လေပေါက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Monywa Peregrine People's Defence Force နှင့် Brave Heart Army - BHAတို့ပူးပေါင်း၍မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီယာဉ်တန်းဟာ ချောင်းဦးဘက်ကဆက်ထွက်သွားတယ်လို့ ဆိုပါတယ်။


မြေလတ်အသံ - Myaelatt Athan 

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာသံချပ်ကာကားနဲ့ JUMMER ကားတို့ မိုင်း ၃ ကြိမ်ဆွဲခံရပြီး စစ်သား ၂၀ ခန့်သေဆုံးတယ်လို့ဆို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာသံချပ်ကာကားနဲ့  JUMMER ကားတို့ မိုင်း ၃ ကြိမ်ဆွဲခံရပြီး စစ်သား ၂၀ ခန့်သေဆုံးတယ်လို့ဆို Reviewed by THITHTOOLWIN on 20:00 Rating: 5

No comments:

Powered by Blogger.