(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် SNAKE EYES PDF တပ်ဖွဲ့ဝင်အချို့၊ ဓာတ်ပုံ - SNAKE EYES PDF) |
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်စွဲရာ ပလိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်း မိုင်းထောင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း SNAKE EYES PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရွှေဘိုမြို့နယ် အနောက်တောင်ဘက်ခြမ်းရှိ ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်သော ပလိုင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအတွင်း၌ မွန်းလွဲ ၂ နာရီခန့်က ပျူနှင့် စစ်ကောင်စီတပ်များကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း SNAKE EYES PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
"အုပ်ချုပ်ရေးမှူးရုံးထဲကို မိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တာပါ။"ဟု SNAKE EYES PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နေ့လယ် ၃နာရီခန့်တွင် ပလိုင်းကျေးရွာမှ ထွက်လာသော ပျုနှင့် စစ်ကောင်စီတပ်များကို ကန်သာကျေးရွာ တံတားထိပ်အရောက်တွင် မိုင်းဖြင့်ထပ်မံတိုက်ခိုက်ရာ အဆိုပါအဖွဲ့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SNAKE EYES PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ မိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်မှုတွင် စစ်ကောင်စီခန့် ကန်သာရွာ အုပ်ချုပ်ရေးမှူးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးလည်း ဒဏ်ရာရရှိသွားကြောင်း SNAKE EYES PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အထိနာသွားသော စစ်အုပ်စုသည် ကန်သာကျေးရွာရှိ ဂေသခံပြည်သူများ၏ နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးပြီး ပလိုင်းကျေးရွာထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း SNAKE EYES PDF အဖွဲ့က အသိပေးသည်။
အဆိုပါစစ်ဆင်ရေးများကို SNAKE EYES (LPDF)၊ C & T SHWEBO (LPDF)၊ ငါးမည်ရ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ MDF - Shwebo၊ ရွှေဘိုခရိုင်တပ်ရင်း (၅) တပ်ခွဲ(၃)နှင့် ရွှေဘိုမြို့နယ် တိုက်နယ် (၂) ပ.က.ဖ. အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း SNAKE EYES PDF က ပြောသည်။
ပလိုင်းကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်လည်း တပ်စွဲထားကာ အနီးဝန်းကျင်ရွာများအား မကြာခဏ စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသည်။
People's Spring
No comments:
Post a Comment