တစ်နှစ်ကျော်ကာလအတွင်း တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်တော် သား အနည်းဆုံး ၂၅၀ ခန့်သေဆုံးခဲ့ဟု Zero ပြောက်ကျားအဖွဲ့ပြော

ပုံစာ- Zero ပြောက်ကျားအဖွဲ့၏ တိုက်ခိုက်မှုတချို့အား မြင်တွေ့ရစဉ်။

မြင်းခြံ၊ စက်တင်ဘာ ၅

Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ တစ်နှစ်ကျော်ကာလ အ တွင်း တိုက်ခိုက်မှုများကြောင့် စစ်ကောင် စီတပ်သားအပါအဝင် ၎င်းတို့၏ဘက်တော်သား အနည်းဆုံး ၂၅၀ ဦးခန့် သေ ဆုံးခဲ့ကြောင်း အဆိုပါပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက လူငယ့်ခေတ်သို့ပြောသည်။

“ကျွန်တော်တို့က အလုပ်လုပ်တဲ့အခါမှာ နှုတ်ခမ်းနီ(ကျည်ဆံ)တို့ ဘာတို့ကအဓိကလိုအပ်တာပေါ့။ ကျွန်တော်တို့ ကအခုအချိန်အထိ ကိုယ့်စရိတ်နဲ့ကိုယ်တိုက်နေတာဆိုတော့ ဝိုင်းဝန်းကူညီပေးရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ပြည်သူတွေအနေနဲ့လည်း ခက်ခဲနေကြတာတော့သိပါတယ် ဒါပေမယ့် ဝိုင်းဝန်းပေးကြဖို့ပြောချင်ပါတယ်။ ကျွန် တော်တို့မှမဟုတ်ဘူး PDF အားလုံးဘယ်အဖွဲ့မဆိုပေါ့နော်။ အဲ့ဒီလိုဝိုင်းဝန်းပေးမှ ဒီပွဲကြီးကမြန်မြန်ပြီးမှာ”ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက်ဖြစ်သည့် အဆိုပါပြောက်ကျားတပ်ဖွဲ့သည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အစရှိသည့်ဒေသများတွင် စစ်ဆင် ရေးများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Zero ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ဒရုန်းစစ်ဆင်ရေး၊ ပစ်ခတ်တိုက်ခိုက်သည့် စစ်ဆင်ရေး၊ မိုင်းဆွဲ၊ မိုင်းခွဲတိုက် ခိုက်သည့် စစ်ဆင်ရေးများဆောင်ရွက်ခဲ့ပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်ဆင်ရေးပေါင်း ၆၄ ခုဆောင်ရွက်ခဲ့ကြောင်း ၎င်းကထပ်မံရှင်းပြသည်။

ဒရုန်းစစ်ဆင်ရေးကို ယခုနှစ် ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လများအတွင်း စစ်ဆင် ရေးပေါင်း ၉ ခုဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး အယောက် ၄၀ ခန့် သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ထို့ပြင် ဒေသတွင်းရှိ စစ်ကောင်စီလက်အောက်ရှိ အုပ်ချုပ်ရေးမှူးများ၊ သတင်း ပေးများအပြင် စစ်ကောင်စီတပ်စွဲထားသည့်နေရာများ၊ ယာဉ်တန်းများ၊ စစ် ကြောင်းများကို ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို လည်း ဆောင်ရွက်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်သားများအပါအဝင် အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးအနည်းဆုံး ၁၅၀ ခန့်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ကဆိုသည်။

ထိုသို့ မိုင်းဆွဲ၊ မိုင်းခွဲတိုက်ခိုက်မှုစစ်ဆင်ရေးများအပြင် စစ်ကောင်စီလက် အောက်ရှိ ရဲစခန်းများအတွင်းနှင့် သတင်း ပေးများအိမ်အတွင်းသို့ ဗုံးပစ်တိုက် ခိုက်ခြင်း၊ စစ်ဆေးရေးဂိတ်များ၊ စစ်ကြောင်းများအပါအဝင် စစ်ကောင်စီလက် အောက်ရှိ အဆောက်အဦးများကို မိုင်းဆွဲ၊ မိုင်းခွဲတိုက်ခိုက်သည့် စစ်ဆင်ရေး ၃၇ ကြိမ်ဆောင်ရွက်ခဲ့ကြောင်းလည်း ကိုသက်ကြီးက ရှင်းပြသည်။

မိုင်းဆွဲ၊ မိုင်းခွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီဘက်တော်သားများ အ နည်းဆုံး အယောက် ၆၀ ခန့်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။


Lu Nge Khit

တစ်နှစ်ကျော်ကာလအတွင်း တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်တော် သား အနည်းဆုံး ၂၅၀ ခန့်သေဆုံးခဲ့ဟု Zero ပြောက်ကျားအဖွဲ့ပြော တစ်နှစ်ကျော်ကာလအတွင်း တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်တော် သား အနည်းဆုံး ၂၅၀ ခန့်သေဆုံးခဲ့ဟု Zero ပြောက်ကျားအဖွဲ့ပြော Reviewed by THITHTOOLWIN on 19:25 Rating: 5

No comments:

Powered by Blogger.