ကသာ ကျောက်ထုံးကြီးကျေးရွာအဝင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ ၍ အထိနာခဲ့


September 6, 2022

ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာအဝင်တွင် ခြေကျင်ဖြင့်ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာသွားကြောင်း သိရသည်။

ဗန်းမော်-ကသာ-မန္တလေးဘက်သို့ ဆင်းလာသည့် စစ်ကောင်စီသင်္ဘော ၆ စင်းကို မြစ်ကြောင်း လုံခြုံရေးပေးရန်အတွက် ဝေဆွယ်ရွာမှ ထွက်လာပြီး ကျောက်ထုံးကြီးကျေးရွာသို့ဝင်ရောက်ရန်တက်လာစဥ် ကျောက်ထုံးကြီးအဝင်တွင် ပြည်သူကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ စက်တင်ဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲ ထောင်မိုင်လေးလုံးဆွဲ၍ တိုက်ခိုက်ခဲ့ရာ အထိနာသွားကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

''ဗန်းမော်ကနေ ဆင်းလာတဲ့သင်္ဘောက ကသာရောက်သွားပြီ။ အဲ့တာဒီနေ့မနက်မှာ ကသာကနေ ဆုန်မယ့်ဟာကို လုံခြုံရေးပေးဖို့ စစ်ကုန်းမှာ အထိုင်ချနေတဲ့ကောင်တွေက စစ်ကုန်းကနေ ဝေဆွယ် ဝေဆွယ်ကနေ ကျောက်ထုံးကြီးဘက်ကို ရှေ့ပွိုင့်အနေနဲ့ လွတ်လိုက်တဲ့အဖွဲ့ကို ကျောက်ထုံးကြီးတိုက်နယ်က ပကဖတွေက စောင့်နေလိုက်တာ။ မိုင်းကွင်းထဲရောက်တော့ မိုင်းလေးလုံးဆွဲ ပြီးပြန်ဆုတ်ခဲ့တာ။ အထိအခိုက်ကတော့ သေချာပေါက်ရှိတယ်။ မိုင်းကွင်းထဲမှာ ထိထိမိမိ ဆွဲလိုက်တာဆိုတော့'' ဟု ကသာမြို့နယ် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းသည် အင်အား ၃၀ ကျော်ခန့်သာပါဝင်ပြီး မိုင်းဆွဲ တိုက်ခိုက်မှု မခံရမှီ သေနတ်များ ရမ်းသမ်းပစ်ခတ်၍ ဝင်ရောက်လာသော်လည်း မိုင်းဆွဲခံရသည့်နောက်တွင် သေနတ်သံများ သိသိသာသာလျော့နည်းသွားသဖြင့် ထိခိုက်မှုရှိနိုင်ကြောင်း ကသာ PDF က သုံးသပ်ပြောဆိုထားသည်။


Kachin News Group 

ကသာ ကျောက်ထုံးကြီးကျေးရွာအဝင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ ၍ အထိနာခဲ့ ကသာ ကျောက်ထုံးကြီးကျေးရွာအဝင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ ၍ အထိနာခဲ့ Reviewed by THITHTOOLWIN on 20:48 Rating: 5

No comments:

Powered by Blogger.