အမရပူရမြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဖောက်ခွဲတိုက်ခိုက်

(အမရပူရမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့စခန်းတစ်ခုအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

▪️မိုင်းမတော်တဆဖြစ်ပြီး UG ရဲဘော်နှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက်မှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Truth Keeping Force - Amarapura(TKF-AMA)က ယနေ့(စက်တင်ဘာ ၅) ထုတ်ပြန်သည်။ 

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့ (စက်တင်ဘာ ၄ ရက်) နေ့လယ် ၃ နာရီဝန်းကျင်ခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင် မိုင်းမတော်တဆဖြစ်ကာ TKF-AMA မှ တော်လှန်ရေးရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ကြောင်း ဖော်ပြသည်။

"အရေးပေါ်အခြေနေတွင် အဖက်ဖက်မှ ကူညီပေးခဲ့သောမိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအား TKF-AMA မှ အထူးပင်ကျေးဇူးတင်ရှိပါ သည်"ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယခုအချိန်တွင် စိတ်ချရသောအခြေနေသို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်နောင်တွင် ပိုမိုထိရောက်သောလုပ်ဆောင် ချက်များနှင့် ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်း TKF-AMA က အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုတွင် ဆင်စွယ်ပွတ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးရုံးမှ မှန်တံခါးများကွဲသွားပြီး ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့ကာ လူထိခိုက်မှုရှိ၊မရှိ မသိရသေးပေ။

လက်ရှိတွင် ဒဏ်ရာရခဲ့သောရဲဘော်များ စိတ်ချလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း TKF-AMA က အသိပေးထုတ်ပြန်ထားသည်။


People's Spring 

အမရပူရမြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဖောက်ခွဲတိုက်ခိုက် အမရပူရမြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဖောက်ခွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 19:30 Rating: 5

No comments:

Powered by Blogger.