ဓာတ်ပုံ - တနင်္သာရီ ပ.က.ဖ |
တနင်္သာရီ၊ စက်တင်ဘာ (၅)
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနီးတွင် ယမန်နေ့ စက်တင်ဘာ (၄) ရက်နေ့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်မှ (၃) ဦး နှင့် စစ်တပ်လက်အောက်ခံ (ပျုစောထီး) (၂) ဦး သေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) မှ သိရသည်။
"လောလောဆယ် စစ်ခွေး(စစ်ကောင်စီတပ်သား)တွေက (၁၀၀) လောက်အင်အားတိုးထားတာရှိတယ်။ တိုက်ပွဲမှာစစ်ခွေးဖက်က အရာရှိကျတယ်လို့ သိရတယ်" ဟု တနင်္သာရီမြို့နယ် ပ.က.ဖ အဖွဲ့မှ တာဝန်ရှိသူတဦးက လူငယ့်ခေတ်သို့ ပြောသည်။
တိုက်ပွဲကို မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂)၊ တနင်္သာရီ(ပ.က.ဖ)၊ တနင်္သာရီ ကာကွယ်ရေးပြောက်ကျား၊ တနင်္သာရီ ရိုးမ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် လယ်သစ်ရွာအနီးရှိ ဒေသခံ အိမ်ထောင်စု (၅၀၀) ဝန်းကျင်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် (၁၉) ရက်နှင့် (၂၀) ရက်နေ့ကလည်း တနင်္သာရီမြို့နယ်ဦ၊ ကော့မပြင်းရွာအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲ (၇) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၅) ဦးသေဆုံးကာ တော်လှန်ရေးအဖွဲ့များဘက်မှ (၂) ဦး ကျဆုံးခဲ့သည်။
Lu Nge Khit
No comments:
Post a Comment