မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ဖြင့် ထပ်တိုးလာသဖြင့် တိုက်ပွဲပြင်းထန်မည်ကို ဒေသခံများစိုးရိမ်နေ


Sep 6,2022

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ဖြင့်ဝင်ရောက်လာသောကြောင့် မြို့အနီးတစ်ဝိုက် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။

စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မိုးမောက်မြို့နယ် ခါနန်ရပ်ကွက်၊ မြို့သစ်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများတွင် စစ်ကောင်စီတပ်များ ဝင်ရောက်လာကြောင်း ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

''ဗန်းမော်ကနေတော့ကားနဲ့လာပြီး မိုးမောက်ကနေတော့ဒီဘက်ကို ခြေလျှင်နဲ့တက်လာတာဟုတ်တယ်။ မိုးမောက်မြို့ထဲမှာတော့ မရှိဘူး။ မိုးမောက်နဲ့ နီးတဲ့ရွာတွေဘက်မှာ အဓိကခါနန်ဘက်ကိုထိုးနေတာ ဒီနေ့ထိသိရတာတော့ စစ်ကြောင်းနှစ်ကြောင်းထိုးနေ ခါနန်ဘက်တစ်ကြောင်း တစ်ကြောင်းကတော့တောထဲဝင်သွားတယ်။ တောထဲဝင်သွားတဲ့စစ်ကြောင်းက အင်အားများတော့ နှစ်ကြောင်းခွဲရင်လည်း ခွဲနိုင်တယ်'' ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။

ခါနန်ရပ်ကွက်ဘက်တွင် အင်အား ၈၀ ခန့် ဝင်ရောက်သွားပြီး ခါနန်အနီးတစ်ဝိုက်တောဘက်တွင် အင်အား ၁၂၀ ခန့် ဝင်ရောက်နေကြောင်း သိရသည်။


Kachin News Group 

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ဖြင့် ထပ်တိုးလာသဖြင့် တိုက်ပွဲပြင်းထန်မည်ကို ဒေသခံများစိုးရိမ်နေ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ဖြင့် ထပ်တိုးလာသဖြင့် တိုက်ပွဲပြင်းထန်မည်ကို ဒေသခံများစိုးရိမ်နေ Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.