စက်တင်ဘာလ ၂၈ ရက်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ဟိုပုံး - လွိုင်လင် ကားလမ်းမပေါ်တွင် ယာဉ်ထိန်းရဲများက ခရီးသည်များထံ ယခင်ထက် ငွေကြေး ပိုကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။
ဇွန်လိုင်လမှစပြီး ယာဉ်ထိန်းရဲများက အဆိုပါ ဟိုပုံးမြို့အဝင် တွင် စောင့်ဆိုင်းပြီး ကားလိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ စစ်ဆေးမေးမြန်းပြီး ပိုက်ဆံကောက်ခံလျက်ရှိကြောင်း ယခုတွင် ပိုကောက်ခံလာသဖြင့် ကားတစ်စီးကို ၅ သောင်းကျပ်၊ ဆိုင်ကယ်တစ်စီးလျှင် ၁ သောင်းခွဲ ကောက်ခံနေကြောင်း ဟိုပုံးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သူတို့ ပိုက်ဆံကောက်တာတော့ ကြာပြီ နှစ်လ လောက်တော့ရှိပြီ။ အခုကပိုဆိုးလာတာပေါ့၊ မသိနားမလည်တဲ့ သူဆိုအရမ်းတောင်းတယ်။ ဆိုင်ကယ်တစ်စီးကို ၁ သောင်းခွဲလောက် ပေးရတယ်။ တချို့သိတဲ့သူဆို ပိုက်ဆံပဲပေး လိုက်တယ်။ သူတို့က ဆက်ပြီးမရစ်တော့ဘူး “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။
ယခုလက်ရှိကာလတွင် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်း မြင့်တက်နေသော ကာလတွင်းမှာ ယာဉ်ထိန်းရဲများက ပြည်သူထံ၌ ငွေကြေးတောင်းခံမှု ပြုလုပ်သဖြင့် ခရီးသွားလာသူများမှာလည်း အခက်ခဲဖြင့် ကြုံတွေ့ရကြောင်း ဆိုသည်။
SHAN News (Burmese Version)

No comments:
Post a Comment