ပခုက္ကူ၊ စက်တင်ဘာ ၅၊ ၂၀၂၂။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာအနီးမှာ ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာလ ၄ ရက် မနေ့ကညပိုင်းမှာ ဒေသခံကကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အင်အား ၅ ဦးပါတဲ့ စစ်သားတွေကို မနေ့ကည ၉ နာရီလောက်က ရွာရဲ့မြောက်ဘက်တနေရာမှာ ကင်းပုန်းဝတ်ရာကနေထွက်လာတဲ့အချိန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ Royal Defence Force (PKU) R.D.Fတာဝန်ခံ ကိုတေဇက ပြောပါတယ်။
“လောလောစယ်အတည်ပြုလို့ရတာ ၁ ကောင်ကတော့ သေတယ်၊ ကျန်တဲ့အကောင်တွေကတော့ ဒဏ်ရာလောက်ပဲရတယ်လို့ကြားတယ်၊ ဒီကောင်တွေအပစ်ခံရပြီး ကျန်တဲ့ကောင်တွေကို စီးပြီးတော့ပစ်တယ်၊ တယောက်ကအဲဒီနားမှာတင် သေတယ်၊ ကျန်တဲ့အကောင်တွေက အင်ပင်ရွာထဲကိုပြေးဝင်သွားတယ်၊” လို့ ပြောပါတယ်။
အဲ့ဒီတပ်သားတွေဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကဖြစ်ကာ အင်ပင်ကျေးရွာမှာပဲ တပ်စွဲနေထိုင်နေပြီး၊ တိုက်ခိုက်ပြီးတဲ့ အချိန်မှာလည်း ကျန်ရှိနေတဲ့ စစ်သားတွေက ရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဥ်မတိုင်ခင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်ကလည်း မြိုင်မြို့နယ်ထဲက ပျူစောထီအများစုနေထိုင်တဲ့ ကန်နီရွာကို Royal Defence Force (PKU) R.D.F တပ်ဖွဲ့ဝင်တွေကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment