စက်တင်ဘာ ၆၊ ၂၀၂၂ ခုနှစ်။
ရှမ်းပြည် နိုင်ငံရေးအကျဉ်းသားဟောင်း တက်ကြွလှုပ်ရှားသူ ကိုအောင်ဇော်ဦးသည် ယမန်နေ့တွင် တောင်ကြီးမြို့ တောင်လေးလုံးအကျဥ်းထောင်၌ သေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
ကိုအောင်ဇော်ဦးကို စစ်ကောင်စီက၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် အေးသာယာမြို့ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ်အမိန့်ချမှတ်ထားသည်။
တောင်ကြီးထောင်တွင် အချိန်ကြာမြင့်စွာ ဖမ်းဆီးချုပ်နှောင်ခံထားရသူဖြစ်ပြီး စစ်ကြောရေးကာလက ရက်စက်စွာရိုက်နှက်စစ်ကြောမှုများကြောင့် နံရိုးနှစ်ချောင်းကျိုးသွားခဲ့ကာ ကျန်းမာရေးဆိုးရွားနေခဲ့ရာမှ ယမန်နေ့တွင် သေဆုံးခဲ့သည်။
ကွယ်လွန်ချိန်တွင် အသက် ၄၀ နှစ် ရှိပြီဖြစ်ပြီး ကိုအောင်ဇော်ဦးကို အစ္စလာမ်ဘာသာဝင်များ၏ ထုံးတမ်းဓလေ့အတိုင်း ယနေ့စက်တင်ဘာ လ ၆ ရက်နေ့တွင် ဈာပနပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုအောင်ဇော်ဦးသည် သျှမ်းပြည်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွင် နာယကရာထူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment