တနင်္သာရီတိုင်းမ် ၊ စက်တင်ဘာ ၆
တနင်္သာရီမြို့နယ် ၊ လယ်သစ်ရွာအနောက်ဖက်ကမ်းမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မနေ့ကမနက်ပိုင်းမှာတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဟာ မနက် ၁၀ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေဘက်က ထိခိုက်ဒဏ်ရာရသူတွေများပြားခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီဘက်ကသေဆုံးမှုအသေးစိတ်ကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဖြစ်တဲ့ မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ(၂)၊ တနင်္သာရီ(ပ.က.ဖ) တနင်္သာရီကာကွယ်ရေးပြောက်ကျား၊ တနင်္သာရီရိုးမ၊ မြိတ်(ပ.က.ဖ)အဖွဲ့တို့ဘက်ကတော့ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့သိရပါတယ်။
အဲဒီမတိုင်ခင် စက်တင်ဘာလ ၄ ရက်က တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့ပါတယ်။
The Tanintharyi Times
No comments:
Post a Comment