ကူမဲမှာ သေနတ်နဲ့ပြည်သူကိုအနိုင်ကျင့်နေတယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ


ကူမဲ၊ စက်တင်ဘာ ၅၊ ၂၀၂၂။

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့၊ တလိုင်းကုန်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ဒီကနေ့ စက်တင်ဘာ ၅ ရက် မနက် ၆ နာရီ ၃၀ မှာ ပစ်ခတ်ရှင်း လင်းခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ KDDF က ထုတ်ပြန်ပါတယ်။

ပစ်သတ်ခံရသူဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးသန့်ဇင် ဆိုသူဖြစ်ပြီး လောင်းကစားဝိုင်းထောင် စစ်ကောင်စီတပ်ကိုထောက်ပံ့နေကာ သေနတ်ခါးကြားထိုးပြီး ဒေသခံပြည်သူတွေကိုခြိမ်းခြောက်ငွေညှစ်နေလို့ ရှင်းလင်းခဲ့တာလို့ KDDF ကပြောပါတယ်။

"ဒီလူက အသက်ပြင်းတယ်ပြောရမလား၊ ပထမတခါ စဥ့်ကိုင်အဖွဲ့ကရှင်းတာကိုမသေဘူး။ အဲ့တာလည်းမမှတ်ဘူး ထပ်လုပ်နေလို့ ပြည်သူတွေက အကြိမ်ကြိမ်တိုင်ကြားနေလို့ ထပ်ရှင်းလိုက်တာ" လို့ KDDF တာဝန်ခံ ကိုရာဇာမင်းက မြေလတ်အသံကိုပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကို KDDF နဲ့အတူ Urben Gurrilla Force-Kume ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ကူမဲမှာ သေနတ်နဲ့ပြည်သူကိုအနိုင်ကျင့်နေတယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ ကူမဲမှာ သေနတ်နဲ့ပြည်သူကိုအနိုင်ကျင့်နေတယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 19:16 Rating: 5

No comments:

Powered by Blogger.