ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးမယ်ဆိုမှ မြန်မာနိုင်ငံကိုနောက်တကြိမ်ထပ်လာမယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်သတ်မှတ်


စင်ကာပူ၊ စက်တင်ဘာ ၆ 

ဖြုတ်ချခံခေါင်းဆောင် (ဒေါ်)အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရမှသာလျှင် မြန်မာနိုင်ငံကိုနောက်တကြိမ်လာရောက်မယ်လို့ ပြီးခဲ့တဲ့လမှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ရှားပါးခရီးစဉ်နဲ့ရောက်လာတဲ့ကုလသမဂ္ဂအရာရှိကြီး နိုလင်း ဟေဇာက တနင်္လာနေ့မှာ ပြောပါတယ်။ 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်း ဟေဇာက စင်ကာပူနိုင်ငံမှာပြုလုပ်တဲ့နှီးနှောဖလှယ်ပွဲတခုမှာ “ဒီ(မြန်မာနိုင်ငံ)အကြပ်အတည်းကထွက်ဖို့ ရှင်းလင်းတဲ့လမ်းကြောင်းမရှိဘူးဆိုတာနဲ့ လွယ်ကူတဲ့ဖြေရှင်းနည်းမရှိဘူးဆိုတာ အရှိတရားပါပဲ”လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့လကမြန်မာနိုင်ငံကိုလာရောက်ခဲ့စဉ်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့နဲ့ ကွပ်မျက်မှုတွေရပ်တန့်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တခြားအရာရှိတွေကိုတွေ့ဆုံပြီးနောက် တောင်းဆိုခဲ့တယ်လို့ ဟေဇာကပြောပါတယ်။ 

“မြန်မာနိုင်ငံကို ကျွန်မနောက်တခေါက်သွားရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်မည်ဆိုမှ သွားဖြစ်ပါလိမ့်မယ်” လို့ ဟေဇာကပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကို စိုးရိမ်ကြောင်းနဲ့ တချိန်ချိန်မှာတွေ့ဆုံခွင့်ပေးနိုင်ချေရှိတယ်လို့ မင်းအောင်လှိုင်က အရိပ်အမြွက်ပြောထားတယ်လို့လည်း ဟေဇာကပြောပါတယ်။

အသက် ၇၇ နှစ်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျင့်ပျက်ခြစားမှုနဲ့ နိုင်ငံတော်ပုန်ကန်ရန်လှုံ့ဆော်မှုတို့ကနေ အစိုးရလျှို့ဝှက်စာရွက်စာတမ်းတွေပေါက်ကြားစေမှုအထိ စုစုပေါင်းထောင်အနှစ် ၁၉၀ ကျော်အထိကျခံရနိုင်တဲ့ ပြစ်မှုတသီကြီးအတွက် တရားရုံးမှာရင်ဆိုင်နေရတာ တနှစ်ကျော်နေပါပြီ။ 

သူ့ကို သီးသန့်ခွဲခြားချုပ်နှောင်ထားပြီး သူက စွဲချက်တွေအားလုံးကို ငြင်းဆိုထားပါတယ်။ 

သူ့ကို စစ်ခေါင်းဆောင်တွေက ဘယ်သူနဲ့မှတွေ့ဆုံခွင့်မပေးဘဲ ရာဇဝတ်မှုစွဲချက်တွေနဲ့ရင်ဆိုင်နေရတဲ့သူတွေကို ဘယ်သူ့ကိုမှတွေ့ခွင့်မပေးနိုင်ဘူးလို့ ပြီးခဲ့တဲ့လမှာ စစ်တပ်ပြောခွင့်ရသူကပြောပါတယ်။ 


MeKong News - မဲခေါင်သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးမယ်ဆိုမှ မြန်မာနိုင်ငံကိုနောက်တကြိမ်ထပ်လာမယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်သတ်မှတ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးမယ်ဆိုမှ မြန်မာနိုင်ငံကိုနောက်တကြိမ်ထပ်လာမယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်သတ်မှတ် Reviewed by THITHTOOLWIN on 20:12 Rating: 5

No comments:

Powered by Blogger.