ဒီးမော့ဆိုမှာ တနေ့တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံး


ဒီးမော့ဆို၊ စက်တင်ဘာ ၅၊ ၂၀၂၂။

ကယားပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုလမ်းမကြီးပေါ်မှာ တရက်ထဲ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်ကအထိနာကာ သေဆုံးဒဏ်ရာရတဲ့သူတွေများခဲ့တယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူဆီက သိရပါတယ်။

စက်တင်ဘာလ ၄ ရက် မနက် ၆ နာရီခွဲလောက်က ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်နားမှာရောက်နေတဲ့ စစ်ကြောင်းကို KAနဲ့ KNDF B-10 ပူးပေါင်းအဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၄ နာရီကြာခဲ့ကာ စစ်ကောင်စီဘက်က တဦးသေဆုံးခဲ့တဲ့အပြင် ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

“ဒဏ်ရာရတဲ့သူတွေအများကြီးပဲ၊ ပြီးတော့ သူတို့ကိုင်တဲ့ MA 3၊ ကျည်ဆန်၊ လက်ပစ်ဗုံးတွေရလိုက်တယ်၊ ဒီဘက်မှာက တပ်မ ၁၆ တို့၊ တပ်မ ၅၅တို့ ရောက်နေတာမို့ သူတို့ပဲဖြစ်နိုင်တယ်”လို့ KNDF ဗဟိုပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီနောက် နေ့လည် ၁ နာရီဝန်းကျင်က‌နေ ညနေပိုင်းထိလည်း ဖရူဆိုမြို့နယ်ထဲက ဒေါညေးခူကျေးရွာအနီးမှာ KA၊ KNDF B-04၊ B-15နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်က တဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့သာ အတည်ပြုနိုင်ပြီး၊ ထိခိုက်ဒဏ်ရာရသူအရေအတွက်နဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

အဲ့ဒီ စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးက ကျေးရွာတွေကို လက်နက်ကြီးအလွန်ကျွံသုံးကာ ပစ်ခတ်တာတွေလုပ်နေတယ်လို့လည်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ဒီးမော့ဆိုမှာ တနေ့တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံး ဒီးမော့ဆိုမှာ တနေ့တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:15 Rating: 5

No comments:

Powered by Blogger.