အကြမ်းဖက်စစ်ကောင်စီတပ်တွေ စီးနင်းလာတဲ့ ကားသုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရ ၊ ၅ဦးထက်မနည်း သေဆုံးပြီး ၉ဦးဒဏ်ရာအပြင်းအထန်ရ
ဓာတ်ပုံ- ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ကားတွေဖြတ်သန်းသွားလာနေပုံ (ပုံဟောင်း) |
ဘီးလင်း၊စက်တင်ဘာ ၆၊ ၂၀၂၂
မွန်ပြည်နယ် သထုံမြို့နယ် မော်လမြိုင်-ရန်ကုန်အဝေးပြေးကားလမ်း ရွှေရောင်ပြဓါတ်ဆီဆိုင်ရှေ့မှာ သထုံကနေ ဘီးလင်းကို ထွက်ခွါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ယာဉ်၃စီးကိုစက်တင်ဘာ၄ ရက်နေ့ည၉နာရီခွဲအချိန်မှာ KNLA အမှတ်၂တပ်ရင်းလက်အောက်ခံ တပ်ခွဲပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီကား၃စီးလုံး ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့KNLA အမှတ်၂တပ်ရင်းတာဝန်ရှိသူတစ်ဉီးက Salween Press ကိုပြောပါတယ်။
“လက်ရှိမြေပြင်သတင်းအရ ၅ဉီးသေဆုံးပြီး၉ဉီးဒဏ်ရာရတာ အတော်ပြင်းထန်တယ်လို့ကြားတယ်၊ ထိခိုက်သေဆုံးမှုက ဒီ့ထက်မကများနိုင်မယ် အတိအကျအတည်ပြုမရသေးဘူး၊ ကားကတော့ ၃စီးလုံးပျက်စီးတယ် ၊၂စီးက အခင်းဖြစ်တဲ့နေရာမှာပဲ ဘယ်မှရွေ့လို့မရအောင် လုံးဝပျက်စီးသွားတယ် ၊ ကျန်တစ်စီးကရွေ့လို့ရပေမဲ့ရှေ့ဆက်မောင်းမရတော့ဘူး” လို့တပ်ရင်း တာဝန်ရှိသူက ဆိုပါတယ်။
ဒါ့အပြင် မွန်ပြည်နယ် သထုံမြို့မြို့နယ် သထုံ ဘားအံကားလမ်း သထုံ ဒူးရင်းဆိပ် ၊ ကြာပန်းကြားမှာရှိတဲ့ တိုးဂိတ်တစ်ခုကို စက်တာဘာ ၅ရက် နေ့ည ၇နာရီ၁၅မိနစ်အချိန်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက M 79၂လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိမယ်လို့ KNLA အမှတ် ၂တာဝန်ရှိသူက ဆက်ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာတော့ အကြမ်းဖက်စစ်ကောင်စီဘက်က ဗိုလ်တစ်ဉီး၊တပ်ကြပ်ကြီးတစ်ဉီးနဲ့ တပ်သား၂ဉီးသေဆုံးပြီး ၄ဉီးဒဏ်ရာရှိတယ်လို့ ဆိုပါတယ်။
Salween Press
No comments:
Post a Comment