စစ်ကောင်စီ၏ သင်္ဘောလုံခြုံရေးတပ် တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးဟုဆို

September 5,2022

ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတွင် စစ်ကောင်စီတပ်၏ သင်္ဘောလုံခြုံရေးယူပေးရန် မြစ်ကမ်းတစ်လျှောက် ခြေကျင်ဖြင့်သွားလာနေသောစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ‌ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

စက်တင်ဘာလ ၄ရက် ယမန်နေ့ နံနက် ၉ နာရီခန့်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများသည် ရိက္ခာတင် သင်္ဘောကို လုံခြုံရေးယူပေးရန် ဧရာဝတီမြစ်ကြောင်းတွင် သွားလာနေစဉ် မိုးတားလေးရွာနှင့် သံပုရာကုန်းရွာကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု PDF နှင့် နီးစပ်သော ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက KNG ကို ပြောသည်။

" သူတို့ဘက်က သုံးယောက်ကျသွားတာ ဟုတ်တယ်။ ဖြစ်ပွားတဲ့နေရာမှာ သွေးစတွေပါ တွေ့ရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း တွဲခေါ်သွားကြတယ်" ဟု ဆိုသည်။

ထိုသို့ မိုင်းခွဲခံရပြီးနောက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အချိန်အတန်ကြာ ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။


Kachin News Group 

စစ်ကောင်စီ၏ သင်္ဘောလုံခြုံရေးတပ် တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးဟုဆို စစ်ကောင်စီ၏ သင်္ဘောလုံခြုံရေးတပ် တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးဟုဆို Reviewed by THITHTOOLWIN on 19:11 Rating: 5

No comments:

Powered by Blogger.