နတ်တလင်း၊ သြဂုတ်၂၀၊ ၂၀၂၂။
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ နတ်တလင်း၊ တောင်ညိုဆည် လှေဂိတ်မှာ တပ်စွဲပြီး ပြည်သူတွေဆီကနေ ငွေတောင်းနေတဲ့ စစ်ကောင်စီတပ်ကို သြဂုတ်လ ၁၉ ရက်နေ့ညက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သာယာခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၄ MRF Nattalin က သတင်းထုတ်ပြန်ထားပါတယ်။
လယ်မအင်းအုပ်စု အောင်သုခကျေးရွာလှေဂိတ်ကို ည ၉ နာရီနီးပါးလောက်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
"ညဘက်ဝင်ပစ်တော့ ဒီကောင်တွေပြန်မပစ်နိုင်ဘူး ထွက်ပြေးသွားကြတယ် ဒီကောင်တွေက လှေဂိတ်ကနေ ပြည်သူတွေ စားသောက်ကုန်တွေဝယ်ရင် အကန့်အသတ်နဲ့ဝယ်ဖို့ ဟန့်တားတာတွေရှိတယ် ငွေတောင်းတာတွေ လုပ်နေကြတာ" လို့ MRF Nattalin ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ အနီးမှာ နေထိုင်ခြင်းမပြုဖို့ကိုလည်း သတိပေးထားပြီး အဲဒီတိုက်ခိုက်မှုမှာ PDFရဲဘော်တွေ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ စစ်ကောင်စီတပ်တွေဟာ တောင်ညိုဆည်ရဲ့ အတွင်းနဲ့အထက်ပိုင်းမှာ နေထိုင်ကြသူတွေကို ဖမ်းဆီးတာ သတ်ဖြတ်အနိုင်ကျင့်နေတာတွေ မကြာခဏပြုလုပ်လေ့ရှိပြီး ဒေသခံတွေကို နေအိမ်ပြောင်းရွှေ့ခိုင်းတာမျိုးကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment