ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားအနီးရှိ မည်သည့်လမ်းများကိုမဆို သွားလာခြင်းမပြုရန် KNDF သတိပေး

(ခြေတော်ရာဘုရားအနီးပတ်ဝန်းကျင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF .B 19)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားအနီးရှိ မည်သည့်လမ်းများကိုမဆို သွားလာခြင်းမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၉ က ယနေ့ (သြဂုတ် ၂၃ ရက်) ထုတ်ပြန်သည်။

"ခြေတော်ရာဘုရားက ထူလွီးဘီလာကျေးရွာ နဲ့ ဆက်စပ်နေတဲ့နေရာ။ဟိုတနေ့က တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တဲ့နေရာ။အဓိကတော့ နယ်မြေအခြေအနေ မတည်ငြိမ်သေးတာပေါ့"ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

သြဂုတ် ၂၀ရက် နံနက်ပိုင်းကစ၍ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာဘက်နှင့် ဒီးမော့ဆိုမြို့ဘက်မှ စစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များကို KNDF -B19 မှ ခြေတော်ရာဘုရားတောင် အနီးတွင် ခုခံတိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများပြားခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

အလားတူ ထိုတိုက်ပွဲ၌ KNDF- B19 မှရဲဘော်တစ် ဦး ကျဆုံးခဲ့ရသည်။

ယခုလ တတိယအပတ်အတွင်း စစ်ကောင်စီတပ် များသည် ဖရူဆိုမြို့နှင့် လွိုင်ကော်မြို့နယ်တို့မှ တစ်ဆင့် ဒီးမော့ဆိုမြို့နယ်သို့ တပ်အင်အားဖြည့် တင်းကာ အပြင်းအထန်စစ်ကြောင်းထိုးလာခဲ့ သည်။

ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်တွင် သြဂုတ် ၁၄ ရက်မှ ၂၀ ရက်အတွင်း ထိတွေ့တိုက်ပွဲ ၉ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။


People's Spring 

ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားအနီးရှိ မည်သည့်လမ်းများကိုမဆို သွားလာခြင်းမပြုရန် KNDF သတိပေး ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားအနီးရှိ မည်သည့်လမ်းများကိုမဆို သွားလာခြင်းမပြုရန် KNDF သတိပေး Reviewed by THITHTOOLWIN on 22:43 Rating: 5

No comments:

Powered by Blogger.