ကနီ ၊ ဩဂုတ် ၂၇ ၊ ၂၀၂၂ ။
စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမရွာတိုက်ပွဲမှာ ကနီ PDF ကျောက်လုံးကြီး တပ်မဟာ က တပ်စိပ်မှူးအပါအဝင် ရဲဘော် ၃ဦး ကျဆုံးခဲ့ပါတယ်။
သြဂုတ်လ ၂၆ရက် မနေ့က ညနေ ၃နာရီမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ချောင်းမရွာမှာပဲ စစ်ကောင်စီတပ်သားတွေရှိနေသေးတာကြောင့် ကျဆုံးရဲဘော်တွေရဲ့ အလောင်းကို မနေ့က တခါတည်း ကောက်မရခဲ့ဘူးလို့ ကျောက်လုံးကြီး KLG တပ်မဟာတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
" သူတို့မိသားစုတွေကျန်ခဲ့ပါတယ်၊ သူတို့မိသားစုတွေလည်းလာမတွေ့နိုင်ဘူး၊ အကုန်လုံးက စစ်ဘေးရှောင်နေရလို့ပါ၊ ရဲဘော် ၁ လောင်းကတော့ ရိုးရိုးမြေမြုပ်ခဲ့တယ်၊ ၂လောင်းကတော့ မီးသင်္ဂြိုလ်ပြီး အရိုးကောက်ပြီးတော့ ဂူသွင်းမှာပါလို့ " လို့ ပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်၃ဦးက အသက် ၁၈နှစ်အရွယ် တပ်စိပ်မှူး ဇော်ဝင်းထွန်း( အငယ်လေး) ၊ အသက် ၂၇နှစ် ရဲဘော် ပြည်ဖြိုးကျော်(ခ) ငဖြိုး နဲ့ ရဲဘော် အာကာမိုး(ခ) ပြည့်စုံအောင် အသက် ၂၈ တို့ဖြစ်ပြီး ဒီနေ့ ညနေ ၄နာရီမှာ သင်္ဂြိုလ်ပေးခဲ့တာလို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment