မြင်းမူမြို့ ထွေအုပ်ရုံး Drone နဲ့ ဗုံးကြဲခံရလို့ ၁၆ နှစ်အရွယ်လုပ်အားပေးတဦးသေဆုံးပြီး စစ်သား၃ဦးဒဏ်ရာရ


မြင်းမူ ၊ ဩဂုတ် ၂၇ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူးရုံးကို သြဂုတ်လ ၂၆ရက် မနေ့က PDF ၅ဖွဲ့ ပူးပေါင်းပြီး Drone နဲ့ ဗုံးပစ်ချပြီးတိုက်ခိုက်ခဲ့လို့ စစ်သား၃ဦး ထိခိုက်ဒဏ်ရာရသလို ၁၆နှစ် အရွယ်လုပ်အားပေး အမျိုးသမီးငယ် တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ‌နေ့လယ် ၁နာရီဝန်းကျင်မှာ ဗုံး၂လုံးပစ်ချတိုက်ခဲ့တာဖြစ်ကာ စစ်သား ၃ဦးနဲ့ ဝန်ထမ်းတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ GTR MMUခေါင်းဆောင်ဗိုလ်ဂျော်ကာက ပြောပါတယ်။

" ၁၆ နှစ်ကောင်မလေးတယောက်ကတော့ အဲဒီနားမှာရှိနေလို့ဆုံးသွားတယ်၊ အဲဒီကောင်မလေးက အထွေအုပ်ရုံးနဲ့ကပ်ရပ်စည်ပင်ရုံးမှာလည်းလုပ်အားပေးအနေနဲ့လုပ်တယ်၊ စည်ပင်ရုံးနဲ့မျက်နှာခြင်းဆိုင် တစည ပါတီရုံးထဲမှာလည်းနေတာ" လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်သား ၃ဦးကို လူနာတင်ကား နဲ့ စစ်ဆေးရုံကို သယ်သွားပြီး သေဆုံးမှု ရှိမရှိကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို GTR MMU ၊ MMDF ၊ မြင်းမူမြို့နယ် ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့) ၊ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့ ၊ မြင်းခြံခရိုင် တပ်ရင်း(၆) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ‌သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

မြင်းမူမြို့ ထွေအုပ်ရုံး Drone နဲ့ ဗုံးကြဲခံရလို့ ၁၆ နှစ်အရွယ်လုပ်အားပေးတဦးသေဆုံးပြီး စစ်သား၃ဦးဒဏ်ရာရ မြင်းမူမြို့ ထွေအုပ်ရုံး Drone နဲ့ ဗုံးကြဲခံရလို့ ၁၆ နှစ်အရွယ်လုပ်အားပေးတဦးသေဆုံးပြီး စစ်သား၃ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 22:50 Rating: 5

No comments:

Powered by Blogger.