ဧရာ၀တီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ မအူပင်သို့ အထွက် စစ်ဆေးရေးဂိတ်ကို ယနေ့ ဩဂုတ်လ(၂၃)ရက်နေ့တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဧရာဗေဒါတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၎င်းတိုက်ခိုက်မှုကို ကျိုက်လတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(ဧရာဗေဒါ)တို့ ပူပေါင်းပြီး ဧရာ၀တီ နန်းထိုက်အောင်အစီစဥ်ဖြင့် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ရေးပစ်မှတ်တစ်ခုအနေဖြင့် ထိရောက်ရန် စီစဥ်ထားသော်လည်းပစ်မှတ်အနီး ပြည်သူများရှိနေခြင်းကြောင့် ပစ်ခတ်နိုင်မှု မလုပ်နိုင်ခဲ့ဘဲ ဖောက်ခွဲမှုကိုသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ၏ အဝေးမှာသာ နေထိုင်ကြရန်နှင့် ယခုပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူများအား ဖမ်း ဆီးခြင်းများ လုပ်ဆောင်လာနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
Tachileik News Agency
No comments:
Post a Comment