မြောက်ဥက္ကလာအုပ်ချုပ်ရေးမှူးရုံး လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး


မြောက်ဥက္ကလာ၊ ဩဂုတ် ၂၇၊ ၂၀၂၂။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ ဌ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ သေဆုံးမှုတွေရှိတယ်လို့  UMCD က မြေလတ်အသံကိုပြောပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့ မနေ့က ည ၉ နာရီဝန်းကျင်လောက်က ရုံးထဲမှာ စစ်ကောင်စီတပ်သားနဲ့ ရုံးဝန်ထမ်းအပါအဝင် ၁၀ ဦးခန့်ရှိနေချိန် အဝေးထိန်းလက်လုပ်မိုင်းနဲ့ ဖောက်ခွဲခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

“အဲ့ကောင်တွေက ဧည့်စစ်ဖို့အတွက် အစည်းအဝေးထိုင်နေတဲ့ကောင်တွေ၊ အဲ့ကောင်တွေလာပီးရင် ဧည့်စစ်ဖို့အတွက် လမ်းကြောင်းပတ်တဲ့ကားတွေ ဝင်တယ်၊ အဲ့ကားတွေမရောက်ခင်အချိန်မှာလုပ်လိုက်တာ” လို့ UMCD အဖွဲ့ ရဲဘော်တဦးက ဆိုပါတယ်။

ပေါက်ကွဲမှုပြင်းထန်တဲ့အတွက် ရုံးအတွင်းမှ အော်ဟစ်သံတွေကြားရပြီး ကနဦး ၄ ဦးသေဆုံးတယ်လို့ သိရကာ၊ အသေးစိတ်အချက်လက်ကိုတော့ ဆက်လက်အတည်ပြုနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် ရပ်ကွက်ရုံးထဲကို လူနာတင်ကားတွေ ဝင်ထွက်နေပြီး၊ ရုံးတဝိုက်ကို လမ်းပိတ် စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ မျက်မြင်တွေရဲ့ပြောစကားအရ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Union Myanmar Civil Defence - UMCDနဲ့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ Rawt Malan HpyenLa-RMH (တော်လှန်ရေးရဲဘော်) တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။


မြေလတ်အသံ - Myaelatt Athan 

မြောက်ဥက္ကလာအုပ်ချုပ်ရေးမှူးရုံး လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး မြောက်ဥက္ကလာအုပ်ချုပ်ရေးမှူးရုံး လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး Reviewed by THITHTOOLWIN on 22:50 Rating: 5

No comments:

Powered by Blogger.