ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၄၀ ခန့်သေ

Photo: credit (ပုံဟောင်းဖြစ်သည်)

23 August 2022

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် လက်ခုပ်ပင်နှင့် အောင်ချမ်းသာကျေးရွာအတွင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူခရိုင် PDF တပ်ရင်း - ၂ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား အယောက် ၄၀ ခန့် သေဆုံးကြောင်း PDF ဘက်က ထုန်ပြန်ထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်လာသောကြောင့် ဆုတ်ခွာခဲ့ရပြီး PDF ဘက်ကလည်း ၂ ဦးဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဒဏ်ရရသူ ၂ယောက်ကလည်း ခြေထောက်၊ လက်တို့ပဲဖြစ်တာ အရမ်းကြီး မစိုးရိမ်ရပါဘူး။ အရမ်းကြီး မပြင်းထန်ပါဘူး"ဟု ပြောသည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


Kachinwaves 

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၄၀ ခန့်သေ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၄၀ ခန့်သေ Reviewed by THITHTOOLWIN on 20:09 Rating: 5

No comments:

Powered by Blogger.