ရေစကြို၊ ဩဂုတ် ၂၀
မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ အိမ်ခြေ ၃၀၀ ခန့်ရှိသော ပေါက်တောရွာကို စစ်ကောင်စီတပ်က ယနေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၉ နာရီခန့်တွင် ၀င်ရောက်မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀ လုံးခန့် ပျက်စီး ဆုံးရှုံးခဲ့သည်ဟု MGK ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။
ပေါက်တောရွာသို့ ၀င်ရောက်မီးရှို့ ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် မင်းရွာ၌ စခန်းချနေထိုင်နေသည့် တပ်ဖြစ်ပြီး အင်အား ၅၀ ခန့်ဖြင့် ကျေးရွာအတွင်း ၀င်ရောက်ကာ မီးရှို့ခဲ့ခြင်းဖြစ်သည်။ ပေါက်တောရွာမှ အရပ်သားပြည်သူများ ကြိုတင်တိမ်း ရှောင်နိုင်ခဲ့သည့်အတွက် ဘေးကင်းကြောင်း သိရသည်။
"တိုက်ပွဲမဖြစ်ဘဲ တမင်လာရှို့တာပါ။ အခုမီးငြိမ်းပါပြီ။ သူတို့လည်း (စစ်ကောင်စီတပ်) မင်းရွာဘက်ကို ပြန်လှည့်သွားပြီ" ဟု ၎င်းကပြောသည်။
ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သည် ငတရော်ကျေးရွာကို ဩဂုတ်လ ၁၇ ရက်နှင့် ၁၈ ရက်တွင် နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။
Lu Nge Khit
No comments:
Post a Comment