ဆင်တပ်ကျေးရွာက ပျူစောထီးအဖွဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး ခရီးသွားပြည်သူများရဲ့ဆိုင်ကယ်များကိုလုယက်


ဩဂုတ် ၂၇

စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာမှ ပျူခေါင်းဆောင် စကစခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဇော်နိုင်ဦးအပါ ပျူအဖွဲ့ဝင်များက စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူများရဲ့ဆိုင်ကယ်များကို လုယက်ခိုးယူခဲ့ကြပါတယ်။

ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကိုင်းမြို့နယ် ကုန်းရွာကျေးရွာထိပ် ကမ္ဘာကျော်ကုန်မာဆိုင်အနီး မုံရွာ-ရွှေဘို-စစ်ကိုင်းလမ်းပေါ်မှာ စကစအဖွဲ့နှင့်ပူးပေါင်းကာ ခရီးသွားပြည်သူများကို စစ်ဆေးရေးများ ဆောင်ရွက်ရာမှ ဆိုင်ကယ်အချို့ကို လုယက်ခဲ့ကြတာဖြစ်ပါတယ်။

စကစအဖွဲ့နှင့်ပူးပေါင်းပြီး မတရားသဖြင့် လုယက်ခဲ့ကြတဲ့ ဆိုင်ကယ်များစွာအနက်မှ ဝေစုခွဲတမ်းအဖြစ် ဆိုင်ကယ် ၆စီး ကိုရရှိခဲ့ပြီး နေ့လယ်ပိုင်းအချိန်မှာ ရွာကသီလ‌ရှင်ဆရာလေးရဲ့ လိုက်ထရပ်ကားဖြင့်  ဆင်တပ်ကျေးရွာသို့ မတရားသဖြင့် ယူဆောင်လာခဲ့ကြတယ်လို့သိရပါတယ်။

ဆင်တပ်‌ကျေးရွာပျူစောထီးအဖွဲ့က ကျေးရွာပိုင် နှလုံးလှမောင်မယ်လူမှုရေးကားကို အပိုင်သိမ်းထားပြီးသွားလာမှုပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။

ဆင်တပ်ကျေးရွာမှာ ကျား မ စာရင်းပေါက်ပျူအင်အား ၃၅ ဦးရှိတယ်လို့သိရပြီး စကစ စစ်တပ်မှ လက်နက်တချို့တပ်ဆင်ပေးထားပါတယ်။


စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

ဆင်တပ်ကျေးရွာက ပျူစောထီးအဖွဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး ခရီးသွားပြည်သူများရဲ့ဆိုင်ကယ်များကိုလုယက် ဆင်တပ်ကျေးရွာက ပျူစောထီးအဖွဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး ခရီးသွားပြည်သူများရဲ့ဆိုင်ကယ်များကိုလုယက် Reviewed by THITHTOOLWIN on 22:54 Rating: 5

No comments:

Powered by Blogger.