Photo: CJ |
27 August 2022
ဖားကန့်မြို့နယ် မော်ဘုံကျေးရွာ လမ်းသွယ် ၁ ရှိ လူနေအိမ်တစ်လုံးနှင့် အိမ်စီးကားတစ်စီးကို ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီအချိန်တွင် စစ်ကောင်စီက ဝင်ရောက်စီးနင်း မီးရှို့လိုက်ကြောင်း သိရသည်။
စစ်ကောင်စီတပ် အယောက် ၃၀ ကျော်က ဦးဇော်မင်းဦးနှင့် ကုလားလေး ဆိုသူတို့နှစ်ဦးကိုလည်း ဖမ်းဆီးသွားပြီး နောက်ဆက်တွဲသတင်း မကြားရသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။
"မနေ့ည ၁၁ နာရီ စစ်ကောင်စီတွေက ဝင်ရောက်စီးနင်းတာ အိမ်တစ်လုံးရယ်၊ ကားရယ် မီးရှို့သွားတယ်။ ဦးဇော်မင်းဦးနဲ့ ကုလားလေး နှစ်ယောက်ကို သေနတ်ထောက်ပြီး ဖမ်းသွားတာ၊ PDF ထောက်ပံ့တာဆိုပြီး တချို့တွေက သတ်ပစ်လိုက်ကြပြီးလို့ ပြောနေကြတယ်၊ ဟုတ်လား မဟုတ်လား မသိသေးဘူး"ဟု ပြောသည်။
ဦးဇော်မင်းဦး၏ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ နေအိမ်ကိုလည်း ဇူလိုင်လတွင် စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း သတင်းရင်းမြစ်ကပြောသည်။
Kachinwaves
No comments:
Post a Comment