စစ်တိုင်းမှူးအသစ်က ကော်ဘရာစစ်ကြောင်းကို အတွဲလိုက်ပစ်ဒုံး၊ ပေါင် (၅၀၀) ဗုံး၊ ဆင့်ပွားဗုံးများဖြင့် လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် ကော်ဘရာစစ်သည်တစ်ဦးကျဆုံး

 


ဝေါလေ၊ ဩဂုတ် (၂၃)

ကရင်ပြည်နယ် မြဝတီ-ဝေါလေ လမ်းပိုင်း သုံးထပ်ကွေ့အနီးတိုက်ပွဲ၌ တော်လှန်ရေးစစ်သည်တော် (၁) ဦး ကျဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က ပေါင် (၅၀၀) ဗုံးများကို အမြောက်အမြားအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် နံနက် (၁၀) နာရီခန့်တွင် မှော်ဘီလေတပ်စခန်းမှ Yak (130) အမျိုးအစား တိုက်လေယာဉ် (၄) စီး၊

တောင်ငူလေတပ်စခန်းမှ တိုက်လေယာဉ် တစ်စီးတို့ဖြင့်တစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် နေ့လယ် (၃) နာရီ ဝန်းကျင်ခန့်တွင် မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် (၂) စီး အသုံးပြု၍ ကလက်စတာ ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

ယနေ့ စစ်ကြောင်းထိုးလာသည့်တပ်များမှာ အာဏာသိမ်းစစ်တပ်၏ တပ်မ (၄၄) လက်‌အောက်ခံ တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)၊ ခမရ (၁) တို့အပြင် လေးကေ့ကော်ဒေသရှိ ခမရ (၁၁၈)၊ ခမရ(၂) တို့သကလည်း စစ်ကူအဖြစ်ပါဝင်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ၎င်းတို့၏ လက်ရုံးတပ်များဖြစ်သည့် အမြှောက်တပ်ရင်း၊ ဒုံးတပ်ရင်းများ၏ (၆၀)မမ၊ (၈၁) မမ၊ (၁၂၂)မမ ဟောင်ဝစ်ဇာအမြှောက်များ၊ ကလက်စတာဗုံး(ဆင့်ပွားပေါက်ဗုံး)များ အပြင် (MLRS) အတွဲလိုက်ပစ်ဒုံးများဖြင့် တရစပ်အပြင်းအထန်ပစ်ခတ်ကာ မြဝတီ-ဝေါ်လေ လမ်းမအနီး ကော်ဘရာစစ်ကြောင်းက လုံခြုံရေးရယူထားသည့် နေရာများကို ကျူးကျော်ရန် ကြိုးစားလာခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ယခုလ သြဂုတ်လ (၁၉) ရက်နေ့မှစတင်၍ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို စစ်ရေးကွပ်ကဲသည့် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ကို အာဏာသိမ်းစစ်တပ်၏ စစ်တိုင်းမှူးအသစ် ဗိုလ်ချုပ်မြတ်သက်ဦးကို ပြောင်းရွှေ့ခဲ့ပြီးနောက် လေကြောင်းအသုံးပြုကာ လက်နက်အင်အားအများအပြားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

ယနေ့ တိုက်ပွဲမှာ ညနေ (၄) နာရီခန့်တွင် ငြိမ်သက်သွားခဲ့ပြီး တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တော်တစ်ဦး ကျဆုံးကာ စစ်သည်တော် (၃) ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးစိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်အတိအကျကို စစ်‌မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ယမန်နေ့ကလည်း အာဏာသိမ်းစစ်တပ်က မြေပြင်အပြင် လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ကော်ဘရာစစ်သည်တစ်ဦးကျဆုံးခဲ့သေးသည်။

စစ်ကောင်စီ ထိုကဲ့သို့ လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခြင်းသည် ၎င်းတို့အတွက် ဒေါ်လာသိန်းပေါင်းများစွာ ကုန်ကျသည်ဟုလည်း CDM အရာရှိများက ပြောဆိုထားကြသည်။


Lu Nge Khit

စစ်တိုင်းမှူးအသစ်က ကော်ဘရာစစ်ကြောင်းကို အတွဲလိုက်ပစ်ဒုံး၊ ပေါင် (၅၀၀) ဗုံး၊ ဆင့်ပွားဗုံးများဖြင့် လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် ကော်ဘရာစစ်သည်တစ်ဦးကျဆုံး စစ်တိုင်းမှူးအသစ်က ကော်ဘရာစစ်ကြောင်းကို အတွဲလိုက်ပစ်ဒုံး၊ ပေါင် (၅၀၀) ဗုံး၊ ဆင့်ပွားဗုံးများဖြင့် လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် ကော်ဘရာစစ်သည်တစ်ဦးကျဆုံး Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.