သြဂုတ်လ ၂၃ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့မှာ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နေ့လည် ၂ နာရိီ ၁၀ မိနစ်အချိန်က စစ်ကောင်စီရဲ့ သတင်းပေးဟု နာမည်ကြီးတဲ့ အမျိုးသမီး ၂ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားသူတွေဟာ ဖျာပုံမြို့စစ်ကောင်စီလက်အောက်ခံ အမှတ်(၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးက ထွေအုပ်စာရေး မနှင်းဝေခိုင်နဲ့ သူ့အဖော်ဖြစ်သူ မနိုးနိုးဝေတို့ဖြစ်တယ်လို့ သိရပါတယ်။
"အဲ့မိန်းမကတော်တော်ဆိုးတယ်။ သူကအရပ်သားမဟုတ်ဘူး။ လက်ရှိ၁၅ရပ်ကွက်ရဲ့ထွေအုပ်ရုံးစာရေးပါ ရုံးစာရေးဖြစ်တဲ့အပြင် သူက ဖျာပုံမြို့ရဲ့တော်လှန်ရေးနဲ့ပတ်သတ်တဲ့အဖမ်းအဆီးမှာ အဓိကဦးဆောင်ပါ၀င်ပတ်သတ်နေတာ။ အဓိကစစ်တပ်နဲ့ပေါင်းသင်းနေတာ။ နောက်တစ်ခုက ၁၅ရပ်ကွက်မှာအုပ်ချုပ်ရေးမှူးရှိပေမယ့်သူကပိုပြီးပါဝါမြင့်တယ်။ စစ်တပ်နဲ့သူနဲ့က တိုက်ရိုက်ပတ်သတ်နေတာ ရပ်ကွက်ဧည့်စာရင်းတိုင်ရင်လည်း ငွေကြေးကောက်ခံမှုတွေရှိတယ်။ တစ်ခုခုဆိုသူကစစ်တပ်နဲ့ခြိမ်းခြောက်လေ့ရှိတယ်။ ဖျာပုံမြို့မှာပြည်သူတွေတိုင်ကြားမှုအခံရဆုံးမိန်းမဖြစ်တဲ့အတွက်ရှင်းလင်းခဲတာ"လို့ Black Dragon Force Pyapon မှ ဗိုလ်နိုင်းဒီက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
သူတို့နှစ်ဦးလုံးကိုဖျာပုံ ပြည်သူကာကွယ်တပ်ဖွဲ့ Black Dragon အဖွဲ့မှ စစ်ဆင်ရေးအမှတ် စဥ် ၂ ( Level 2) အဖြစ် ရှင်းလင်း လုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
အဖော်ပါလာသူ နိုးနိုးဝေ အား သတိပေးမှုများ ပြုလုပ်ထားပြီး နှင်းဝေခိုင်နှင့် အတူတူသွားလာခြင်းများ ၊ အတူတူသတင်းထောက်လှမ်းမှု့များ ပြုလုပ်နေတယ်လို့ သတင်းရရှိထားတာကြောင့် ပစ်မှတ်မှာ မပါဝင်ပေမယ့် စစ်ဆင်ရေးဖော်ဆောင်ချိန်တွင် လုံခြုံရေးအရ တပါတည်း သုတ်သင်ရှင်းလင်းခဲ့တာလို့ ၎င်းကဆိုပါတယ်။
Black Dragon Force Pyapon အဖွဲ့ဟာ ဇူလိူင်လ ၂၈ ကနေ့ကလည်း စစ်ဆင်ရေး Level 1 အနေနဲ့ ဖျာပုံမြို့အဝင် ကျိက်လတ် အထွက်ချောင်းတွင်းတံတားဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
Ayeyarwaddy Times
No comments:
Post a Comment