ဩဂုတ်လ ၂၃ ရက်
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ဓါတ်ပုံနဲ့အတူ ဖမ်းဖို့ သတင်းပေးတာတွေပြုလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၆ ဦးကို ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းက ရှင်းလင်း ခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင် ၆ ဦးဟာ ဇီးဖြူကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ညွန့်၊ ရာအိမ်မှူး သန်းထွေး(ခ)ဗေဒါ၊ ဆယ်အိမ်မှူး ဝင်းဇော်၊ စစ်ကောင်စီ ထောက်တိုင် ဘိုဘိုအပြင် ကားမောင်းတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
“ သူတို့က စစ်တပ်အာဏာသိမ်းတော့ ဆန္ဒပြတဲ့သူတွေကို ဓါတ်ပုံနဲ့ပြပြီး လိုက်ဖမ်းခိုင်းတာတွေလုပ်ခဲ့တယ် ဓါတ်ပုံပြပြီး တအိမ် တဆင်းဖမ်းခိုင်းတာ စစ်ကောင်စီအလိုကျ ဒေသခံတွေကို ဖိနှိပ်နေလို့ ရှင်းလင်းတာ”လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့က ရှင်းလင်းခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၆ ဦးဟာ အရင်ကထဲက စစ်ကောင်စီအလိုကျ ပြည်သူတွေကို ခြိမ်းခြောက်ဖိနှိပ်တာတွေလုပ်ခဲ့လို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် ပိုဆိုးလာတာကြောင့် ခုလို ရှင်းလင်းရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေကို အစည်းဝေးတက်ပြီးအပြန် လမ်းမှာ စောင့်ပြီး စီးလာတဲ့ ကားကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment