ရန်ကုန်ပြောက်ကျားတပ်ဖွဲ့နေထိုင်သည့်နေရာ စီးနင်းခံရ၊ ရဲဘော် ၆ဦး နှင့် လက်နက်များ ဖမ်းဆီးခံရ၊ ၆ဦးလုံး သတ်ဖြတ်ခံရ
ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်သည့် (Burmese Rangers Army-LDF UG)အဖွဲ့ နေထိုင်ရာ တည်းခိုခန်း ဝင်ရောက်စီးနင်းခံရသဖြင့် ရဲဘော် ၆ ဦးနှင့် လက်နက်များ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အဆိုပါ UG အဖွဲ့မှ ရဲဘော် ၆ ဦးနှင့်အတူ Glock19-gen 5 အတို ၂ လက်၊ Ready made ဗုံး ၅ လုံး၊ ငွေသားကျပ် ၁၈ သိန်း၊ ၉ မမ ကျည် ၂၀၀၊ လက်လုပ်ဗုံး ၃ လုံး ဖမ်းဆီးရမိသွားကြောင်း သိရသည်။
အဆိုပါ ရဲဘော်များကို ဘယ်နေ့က ဖမ်းဆီးသွားသည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
"ကျွန်တော်နဲ့ ဒုတိယတာဝန်ခံ ဗိုလ်ရဲကြီးနဲ့ အခြားရဲဘော်လေးတစ်ဦး စုစုပေါင်း ၃ ဦးသာ လွတ်မြောက်ခဲ့တယ်။ ဗိုလ်ရဲကြီးနဲ့ ရဲဘော်လေးကတော့ အထိအခိုက်မရှိခဲ့ပေမဲ့ ကျွန်တော့်ရဲ့ ခြေထောက်ကတော့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။"ဟု ဗိုလ်ထက်ဝေက ရေးသားထားသည်။
ဖမ်းဆီးခံရသည့် ရဲဘော် ၆ ဦးအနက် ၂ ဦးမှာ နေရာတွင်ပင် သတ်ဖြတ်ခံလိုက်ရပြီး ကျန်ရဲဘော် ၄ ဦးမှာလည်း စစ်ကြောရေးတွင် ကျဆုံးသွားခဲ့သည်ဟု ဆိုသည်။
"ဆုံးရှုံးမှုက ဒါတင်ပဲလားမဟုတ်ပါဘူး၊ ကျွန်တော့် ခြေထောက်တွေပါ အကောင်းတိုင်းပြန်မရတော့ပါဘူး။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ပေးဆပ်ခဲ့ရတာတွေအတွက် ကျွန်တော်တို့ ကျေနပ်ပါတယ်၊ အသက်နဲ့ဘဝကို ပေးဆပ်နိုင်တယ်လို့ ဆုံးဖြတ်ချက်ချပြီးမှ ဒီလမ်းကိုလျောက်ခဲ့ကြတာဖြစ်တဲ့အတွက် အသက်သေခဲ့ရင်တောင် ပျော်ပျော်ကြီးသေရဲပါတယ်"ဟု ဗိုလ်ထက်ဝေက ရေးသားထားသည်။
BRA-LDF UG team ၏ ဒုတိယတာဝန်ခံနှင့် ရဲဘော်ငယ်လေးကို ပြည်သူများ၏ လက်ကျန်အလှူငွေများပေးအပ်ပြီး မဟာမိတ်မြေအောက်အဖွဲ့တစ်ခုထံ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Tachileik News Agency
No comments:
Post a Comment