ရန်ကုန်၊ ဩဂုတ် ၂၃
ပရဟိတလုပ်ငန်းများလုပ်ကိုင်နေသူ သရုပ်ဆောင်ဦးကျော်သူနှင့် ဇနီးပိုင်ဆိုင်သည့်နေအိမ်ကို စစ်တပ်က ယနေ့ နေလယ်ပိုင်းတွင် ချိပ်ပိတ်လိုက်ကြောင်း စစ်တပ်လော်ဘီများက လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားဖြန့်ဝေထား သည်။
မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိနေအိမ်ကို စစ်တပ်ကချိပ်ပိတ်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ပရဟိတလုပ်ငန်းများလုပ်ဆောင်နေသည့် သရုပ်ဆောင်အကယ်ဒမီ ဦးကျော်သူ ၏ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ရဲနှင့် စစ်တပ်မိသားစုများကို စျာပန၊ လူနာတင်ယာဉ်၊ ဆေးကုသမှု မည်သည့်အကူအညီကိုမှမပေးတော့ကြောင်းဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ထိုထဲတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သည့် မိသားစုများကို ခြွင်းချက်အနေဖြင့် ကူညီပေးသွား မည်ဟု ရေးသားခဲ့သည်။
ထို့နောက် စစ်အုပ်စုက ဦးကျော်သူနှင့်ဇနီးဖြစ်သူတို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး လူမှုကူညီရေးအသင်းကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့သေးသည်။
Lu Nge Khit
No comments:
Post a Comment