ကန့်ဘလူ၊ သြဂုတ် ၂၃ ၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နဲ့ ကျွန်းလှနယ်စပ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို သြဂုတ်လ ၂၃ ရက်နေ့မနက်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ၄၀ ဦးလောက်သေဆုံးပြီး လက်နက်မျိုးစုံ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရဲ့ Kb-2 ကန့်ဘလူခရိုင်တပ်ရင်း ၂ က တာဝန်ရှိသူတဦးက ပြောပါတယ်။
ကန့်ဘလူမြို့နယ် လက်ခုပ်ပင်ရွာနဲ့ ကျွန်းလှမြို့နယ် အောင်ချမ်းသာရွာကြားမှာ ခြေလျင်စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"အော်တိုရိုင်ဖယ် ၆၀၊ ၄၀ မမ ဗုံးသီးသုံး စိန်ပြောင်း ၆ လက် ၆၀ မမတလက်နဲ့ အသုံးပြုခဲ့လို့ ပြောက်ကျားတိုက်ခိုက်ရေးမှာ အသာစီးရခဲ့တာပါ စစ်သားအလောင်းတွေလည်း ထပ်နေတယ်ဗျ ၄၀ ဦးထက်မနည်း သေတယ်လို့တော့ သိထားရတယ်ဗျ သူတို့ကလည်း စက်သေနတ်၊ ၆၀ မမ၊ ၈၀ မမ တွေနဲ့ ပြန်လည်ပစ်ခတ်ပါတယ်ဗျ။ မနက် ၈ နာရီကစပြီး ၁၀ နာရီအထိ တိုက်ပွဲချိန်ကြာတယ်ဗျ" လို့ Kb-2 အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဆီက RPG၊ စက်လတ်၊ MA 1၊ MA 2 လက်နက်တွေ သိမ်းဆည်းရမိပြီး Kb- 2 ဘက်က ရဲဘော် ၂ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သူတို့ရဲ့ ကြေချက်မှာ ဖော်ပြထားပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment