ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရမှု ရဲစခန်းမှူးသေ


ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)၏ မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းတိုက်ခိုက်မှုတွင် ရဲစခန်းမှူးသေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက People's Spring သို့ အတည်ပြုသည်။

"​သေသွားတဲ့ စခန်းမှူးက ရဲအုပ်အောင်မျိုး။ ရင်ဘတ်ကျည် သုံးချက် မှန်တာ။နောက်ထပ် ရဲနှစ်ယောက်လည်း အခြေအနေမကောင်းဘူးလို့ သိရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၃၀ခန့် ဖြင့် လာရောက်ပူးပေါင်းနေကြောင်းလည်း ၎င်းက ဆိုသည်။

"ကားနဲ့ကို စခန်းရှေ့ကနေ တည်ပစ်သွားတာ။ အခု ကြားရာတာတော့ စခ တွေဘက်က စခန်းမှူး ဆိုတဲ့ကောင်ပါသေ သွားတာ"ဟု People's Spring၏ သီးခြားသတင်းရင်းမြစ်က အတည်ပြုသည်။

ယနေ့(သြဂုတ်၂၁ ရက်)၊နေ့လည် ၁၁ နာရီ ၄၈ မိနစ်ခန့်က ညောင်ဖြူပင်ရဲစခန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (ဆားလင်းကြီး)မှ Aung San Force အဖွဲ့နှင့် ပူးပေါင်း၍ မစ်ရှင်လုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အနီးကပ်ပစ်ခတ်မှုကြောင့် ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့်ရဲ ငါးဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခုကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေဖြင့် ပုလဲ၊ ယင်းမာပင်၊ ဆားလင်း၊ ကနီ နှင့်ပေါက် စသည့်မြို့နယ်များထိ  စစ်ရေးလှုပ်ရှားလျက်ရှိနေသည်။


People's Spring 

ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရမှု ရဲစခန်းမှူးသေ ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရမှု ရဲစခန်းမှူးသေ Reviewed by THITHTOOLWIN on 22:32 Rating: 5

No comments:

Powered by Blogger.