တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အင်းတော်-မော်လူး လမ်းပိုင်းကို ယာယီပိတ်ထား

 


AUG 22.2022

ကချင် စစ်ကိုင်းအစပ် အင်းတော်မြို့ နှင့် မော်လူးမြို့ကြားတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် အင်းတော်-မော်လူးကားလမ်းပိုင်းကို အင်းတော် PDF ဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု သိရသည်။

ယနေ့ နံနက် ၈ နာရီအချိန်တွင် နဘားကျေးရွာမှ အင်းတော် ဘက်သို့ခြေလျှင်ဖြင့်တက်လာသည့် စစ်ကောင်စီတပ် အင်အား ၇၀ ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊PDF ၊ ကျောင်းသားတပ် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

"သိပ်တော့မကြာလောက်ဘူး ခနလောက်ပဲ ကြာရင်တစ်ရက်နှစ်ရက်လောက်ပဲ။ လမ်းပိတ်တာက ခုနဘားလမ်းဆုံမှာ တိုက်ပွဲ ဖြစ်နေလို့ ပိတ်လိုက်တာ အင်းတော် -မော်လူးလမ်းပိုင်းပဲ မနက်က တိုက်ပွဲက မိနစ် ၃၀ လောက်ကြာတယ် အချိန်မရွေးပြန်ဖြစ်နိုင်တဲ့အတွက် လမ်းပိတ်ထားတာ"ဟု ပြောသည်။

ယနေ့ နံနက် ၉ နာရီမှစတင်ကာ ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ ခရီးသည်တင်ယာဥ်နှင့် ကုန်တင်ကား ကြီးများအားလုံး ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားပြီး အများဆုံးအချိန် ၂ ရက်ခန့်ကြာနိုင်သည်ဟု ဆိုသည်။

နာရီဝက်အကြာ ဖြစ်ပွားခဲ့သည့် ယနေ့ နံနက်တိုက်ပွဲတွင် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ခြုံခိုတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များနိုင်ကြောင်း သိရသည်။


Kachin News Group 

တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အင်းတော်-မော်လူး လမ်းပိုင်းကို ယာယီပိတ်ထား တိုက်ပွဲဖြစ်ပွားနေသည့်အတွက် အင်းတော်-မော်လူး လမ်းပိုင်းကို ယာယီပိတ်ထား Reviewed by THITHTOOLWIN on 19:58 Rating: 5

No comments:

Powered by Blogger.