တမူးမြို့သို့ နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို ပျုစောထီးများက သေနတ်ဖြင့်ပစ်သတ်
တမူးမြို့သို့ နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို တမူးမြို့ စောဘွားရပ်ကွက်ရှိ စစ်ကောင်စီဂိတ်မှ ပျုစောထီးများက သေနတ်ဖြင့်ရက်ရက် စက်စက်ပစ်သတ်လိုက်ကြောင်း မြို့ခံများက ပြောသည်။
အိန္ဒိယနိုင်ငံသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုသည် ယနေ့(ဇူလိုင် ၅ရက်) နေ့လည် ၁နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
" ပျုစောထီးတွေက ပစ်သတ်တာ။ စော်ဘွားရပ်ကွက်ဆိုတာ ပျုစောထီးကြီးစိုးတဲ့ ရပ်ကွက်။ အိန္ဒိယနိုင်ငံသားနှစ်ယောက်ကို တားဆီးတယ်။ ခက်ခက်ထန်ထန် စစ်တယ်။ အိန္ဒိယနှစ်ယောက်က မြန်မာစကားလည်း မပေါက်တော့ ဘယ်လိုပြဿနာဖြစ်တယ်တော့မသိဘူး။ ပစ်သတ်ပစ်တာ"ဟု ဒေသခံတစ်ဦးက ပြောသည်။
အိန္ဒိယနိုင်ငံသားနှစ်ဦးသည် တမူးနှင့် နယ်စပ်ကပ်လျက်ဖြစ်သော အန္ဒိယနိုင်ငံ မိုရေးမြို့မှ လာရောက်ကြခြင်းဖြစ်သည်။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်အတွက်တရားဝင်အထောက်အထား မတွေ့ရှိဟု ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။ ၎င်းတို့နှစ်ဦးကို ပျူစောထီးအဖွဲ့က သေနတ်ဖြင့်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံများက အခိုင်အမာပြောသည်။
အိန္ဒိယနိုင်ငံသားနှစ်ဦးအရေး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှ်ိသေးသလို အိန္ဒိယဘက်ကလည်း မည်သို့တုန့်ပြန်သည်ကို မသိရသေးဟု ဒေသခံများက ဆိုသည်။
မြန်မာတွင် စစ်အာဏာသိမ်းမှုကို နှုတ်ဆိတ်နေသည့် အန္ဒိယအစိုးရအား မြန်မာ့အရေးလှုပ်ရှားသူများက ဝေဖန်နေကြပြီး စစ်ကောင်စီကဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့ကသတ်၍ နိုင်ငံသားနှစ်ဦးသေဆုံးမှုအတွက် မည်သို့တုန့်ပြန်မည်ကို စောင့်ကြည့်နေကြသည်။
People's Spring
No comments:
Post a Comment