စစ်ကိုင်းတိုင်းအတွင်း PDF စိုးမိုးနယ်မြေများမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ နီးစပ်ရာ ရဲ စခန်းနှင့်ပျူရွာများသို့ပြောင်းရွှေ့နေထိုင်နေရ

ဇွန်လ ၄ ရက်

စစ်ကိုင်းတိုင်းအတွင်းက PDF အင်အားကောင်းပြီး နယ် မြေစိုးမိုးသည့် မြို့နယ်များ၏ ကျေးရွာများမှ စစ်ကောင် စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ၎င်းတို့၏နေအိမ်များတွင်နေထိုင်ခြင်းမပြုတော့ဘဲ နီး စပ်ရာရဲစခန်းများတွင်သွားရောက်နေထိုင်နေကြကြောင်း ဒေသခံများထံကသိရသည်။ 

စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးအများအ ပြားသတ်ဖြတ်ခံရပြီးနောက် ၄င်းတို့၏နေအိမ်များတွင်ဆက် လက်မနေထိုင်ရဲတော့ဘဲ ပျူစောထီးရွာများနှင့် နီးစပ်ရာရဲစခန်းများတွင် ပြောင်းရွှေ့နေထိုင်နေကြခြင်းဖြစ် ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်နှင့်ယင်းမာပင်ခရိုင်အတွင်း ရှိ ပင်လယ်ဘူးမြို့နယ်၊ချောင်းဦးမြို့ နယ်၊ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်၊ကန့်ဘလူမြို့နယ်များမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများစုပြောင်းရွှေ့နေထိုင်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

"စစ်ကိုင်းထဲမှာကအုပ်ကြီးတွေ သူတို့နေအိမ်တွေမှာမနေကြတော့ဘူး။ ပျူစောထီးရွာနေမှာနေရင်နေ၊ မနေရင် နီးစပ်တဲ့အပိုင်ရဲစခန်းတွေမှာ သွားနေကြတာပေါ့။စစ် တပ်နဲ့ပတ်သက်တဲ့မိသားစုတွေဆိုရင်လည်း လွတ်တဲ့ တချို့နယ်တွေမှာသွားနေကြတာမျိုးတွေရှိလာတယ် " ဟု ယင်းမာပင်မြို့နယ်အတွင်းက ဒေသခံတဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့်မေလအတွင်းကပင် ကန့်ဘလူမြို့နယ်၊ယင်း တိုက်ကျေးရွာက စစ်ကောင်စီခန့်သတင်းပေး အုပ်ချုပ်ရေးမှူး ဖိုးကြွယ် သည် ၄င်း၏နေအိမ်မှ ကာဘိုးနယ်မြေရဲစခန်းသို့ပြောင်းရွှေ့နေထိုင်နေကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့်ပတ်သက်သည့်မိသားစုဝင်များသည် တော်လှန်ရေးအင်အားနည်းသည့် ဒေသများတွင်ပြောင်းရွှေ့နေထိုင်နေကြသလို စစ်တပ်၊ ရဲ၊ ပျူစောထီးများကြီးစိုးရာနေရာတွေမှာလည်း နေထိုင်ကြသည်ဟုဒေသခံတွေကပြောသည်။

စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီ၏ရပ်ကျေး အုပ် ချုပ်ရေးပိုင်းတွင်ပါဝင်သည့် ကြံ့ခိုင်ရေးပါတီဝင်အများအပြားသည်လည်း စစ်ကိုင်းတိုင်းအတွင်း မနေရဲတော့သဖြင့် ကြံ့ခိုင်ရေးပါတီရုံးချုပ်ရှိရာ နေပြည်တော်သို့လာရောက်ခိုလှုံနေသူ ၂၃၈ ဦးရှိကြောင်း ကြံ့ခိုင်ရေးပါတီအ မတ်ဟောင်း ဘူးလက်လှဆွေက ဇွန်လ ၁ ရက်နေ့က စစ်ကောင်စီသတင်း စာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားထားသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရပ်၊ကျေးအုပ်ချုပ်ရေးမှူး ၆၀၀ ကျော် သတ်ဖြတ်ခံထားရကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။


Ayeyarwaddy Times 

စစ်ကိုင်းတိုင်းအတွင်း PDF စိုးမိုးနယ်မြေများမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ နီးစပ်ရာ ရဲ စခန်းနှင့်ပျူရွာများသို့ပြောင်းရွှေ့နေထိုင်နေရ စစ်ကိုင်းတိုင်းအတွင်း PDF စိုးမိုးနယ်မြေများမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ နီးစပ်ရာ ရဲ စခန်းနှင့်ပျူရွာများသို့ပြောင်းရွှေ့နေထိုင်နေရ Reviewed by THITHTOOLWIN on 23:01 Rating: 5

No comments:

Powered by Blogger.