တောင်သာနဲ့ မြင်းခြံ PDF တွေပေါင်းပြီး စစ်အုပ်စုစစ်ကြောင်းကို တိုက်ခိုက်

(စစ်ကြောင်းကို တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေ/ ဓာတ်ပုံ - ပေးပို့) 

ဇွန် - ၉ 

မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့ တောင်သာမြို့နယ်က ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ရေစကြိုမြို့နယ်ထဲက စစ်အုပ်စုစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ (၅)ရက် မနက်ပိုင်းက ရေစကြိုမြို့နယ် ဇရပ်နီနဲ့ မင်းလှရွာကြားမှာ အင်အား (၈၀)ခန့် ရှိတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တာလို့ PDF အဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

“ အသေအပျောက်က ပွဲသိမ်းမဟုတ်တော့ အတိအကျ ပြောရခက်တယ်၊ ခန့်မှန်းဆိုရင်တော့ အထိအခိုက် အကျအဆုံးက (၅)ကောင်အထက်ပေါ့ “ လို့ သူက ရှင်းပြပါတယ်။ 

PDF တောင်သာနဲ့ မြင်းခြံ (၃၅) အဖွဲ့တို့ ဦးဆောင်ပြီး မြင်းခြံတပ်ရင်း အမှတ်(၂)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပြီး ၄၀ မမ လက်နက်ကြီးတစ်လုံးကို စစ်အုပ်စုကြား ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်အင်အား နည်းပါးလျှက်ရှိနေပြီး ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေတယ်လို့လည်း အဲဒီအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောဆိုပါတယ်။ 


Mandalay Free Press - MFP

တောင်သာနဲ့ မြင်းခြံ PDF တွေပေါင်းပြီး စစ်အုပ်စုစစ်ကြောင်းကို တိုက်ခိုက် တောင်သာနဲ့ မြင်းခြံ PDF တွေပေါင်းပြီး စစ်အုပ်စုစစ်ကြောင်းကို တိုက်ခိုက် Reviewed by THITHTOOLWIN on 18:06 Rating: 5

No comments:

Powered by Blogger.