ရွှေဘို ကျောက်မြောင်းမှာ စစ်အုပ်စုကို ပျူတွေက လူမှားပစ်ခတ်လို့ စကစ နှစ်ယောက်သေ၊ PDF တွေ ပစ်တာလို့ ပျူတွေက သတင်းမှားဖြန့်

ရွှေဘိုမြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အကြမ်းဖက် စစ်အုပ်စုu ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးနေစဉ်/Photo – CJ


ဇွန် - ၁၅

စစ်ကိုင်းတိုင် ရွှေဘိုမြို့နယ် အရှေ့ခြမ်း၊ ကျောက်မြောင်းနယ် မခေါက်ရွာအနီးမှာ ဒီကနေ့ ဇွန်(၁၅)ရက်က အကြမ်းဖက် စစ်အုပ်စုကို ပျူစောထီးတွေက လူမှားပြီး ပစ်ခတ်တာကြောင့် စကစ နှစ်ယောက် သေပြီး တစ်ယောက် ဒဏ်ရာရတယ်လို့ သတင်းကြားကြောင်း နတ်တောင်နဂါး  (ပ က ဖ )ပြောက်ကျားတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေနဲ့ လာတဲ့ အကြမ်းဖက် စစ်အုပ်စုကို မခေါက်ရွာက ပျူစောထီးတွေက လူမှားပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပျူစောထီးတွေက သူတို့ ပစ်တာမဟုတ်ဘဲ PDF တွေက လာရောက်တိုက်ခိုက်သွားတာလို့ သတင်းမှားဖြန့်နေတယ်လို့လည်း နတ်တောင်နဂါး  (ပ က ဖ ) ပြောက်ကျားတပ်ဖွဲ့ က ဗိုလ်စနေက ဆိုပါတယ်။

“မခေါက်ရွာမြောက်ဘက်တွင် စက်လှေဖြင့် လာသော စကစများကို မခေါက်ရွာ ပျူစောထီးများမှ အချင်းချင်း မှားပစ်မိရာ စကစနှစ်ကောင် သေဆုံးပြီး တစ်ကောင် မသေမရှင်ဖြစ်။  ပျူစေားထီးများမှ သတင်းမှား ထုပ်လွင့်နေသည်အတွက် တင်ပြရခြင်း ဖြစ်ပါသည်။ ကျျွန်နော်တို့အဖွဲ့ သွားရောက် ပစ်ခတ်ခြင်း းမပြုခဲကြောင်း တင်ပြအပ်ပါသည်” လို့ နတ်တောင်နဂါး  (ပ က ဖ )ပြောက်ကျားတပ်ဖွဲ့က  ဗိုလ်စနေ က ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ယခုရက်ပိုင်း ရွှေဘို - ကျောက်မြောင်းနှင့် ဝက်လက်နယ်တွေထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေပြီး ဧရာဝတီ မြစ်ကမ်းတလျှောက်က ရွာတွေကိုလည်း ဝင်မွှေလုယက် သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းရာမှာ စစ်ယူနီဖောင်း မဝတ်ဘဲ PDF ပုံစံ အင်္ကျီအမဲတွေ ဝတ်ပြီး လှည့်မွှေနေတာ ဖြစ်တယ်လို့ ဝက်လက်ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။


Mandalay Free Press - MFP

ရွှေဘို ကျောက်မြောင်းမှာ စစ်အုပ်စုကို ပျူတွေက လူမှားပစ်ခတ်လို့ စကစ နှစ်ယောက်သေ၊ PDF တွေ ပစ်တာလို့ ပျူတွေက သတင်းမှားဖြန့် ရွှေဘို ကျောက်မြောင်းမှာ စစ်အုပ်စုကို ပျူတွေက လူမှားပစ်ခတ်လို့ စကစ နှစ်ယောက်သေ၊  PDF တွေ ပစ်တာလို့ ပျူတွေက သတင်းမှားဖြန့် Reviewed by THITHTOOLWIN on 22:40 Rating: 5

No comments:

Powered by Blogger.