မိုးဗြဲတိုက်ပွဲတွင် PDF ပူးပေါင်းတပ်များ​၏ စနိုက်ပါလက်ချက်ကြောင့် စကစတပ်သား (၁၀) ဦးထက်မနည်းသေဆုံး


ဇွန် ၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ မိုးဗြဲသို့ အင်အား (၁၀၀) ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မိုးဗြဲမြို့၊ ညောင်ဝိုင်းရက်ကွက်အနီးတွင် ယမန်နေ့ ဇွန်လ ၇ ရက်နေ့က ဖယ်ခုံ PDF တပ်ရင်း (၂)၊ မိုးဗြဲ PDF၊ KNDF BO- 3၊ 11၊ 12၊ညURF နှင့် ၁၀၀၈ တပ်ရင်း - SSRY ပူးပေါင်းတပ်တို့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ Sniper ရဲဘော်များနှင့် ပူးပေါင်းအဖွဲ့များကြောင့် စစ်ကောင်စီတပ်သား (၁၀) ဦး ထက်မနည်းသေဆုံးခဲ့ကြီး ဖယ်ခုံတပ်ရင်း (၂) မှ ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးဗြဲမြို့မှ ပြည်သူ (၂) ဦး အကြောင်းမဲ့သေဆုံးခဲ့ရသောကြောင့် အထူးဝမ်းနည်းရကြောင်း ၁၀၀၈ တပ်ရင်းကထုတ်ပြန်သည်။


PDF Newsflash

မိုးဗြဲတိုက်ပွဲတွင် PDF ပူးပေါင်းတပ်များ​၏ စနိုက်ပါလက်ချက်ကြောင့် စကစတပ်သား (၁၀) ဦးထက်မနည်းသေဆုံး မိုးဗြဲတိုက်ပွဲတွင် PDF ပူးပေါင်းတပ်များ​၏ စနိုက်ပါလက်ချက်ကြောင့် စကစတပ်သား (၁၀) ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 23:48 Rating: 5

No comments:

Powered by Blogger.