ကျောက်ပန်းတောင်းက အုပ်ကြီးနဲ့ အုပ်ကြီးကတော်ကို ဖောင်းဒိုင်း (၈)ချက်နဲ့ ငရဲကိုပို့ခဲ့တယ်လို့ PDF ပြော

မေ - ၃၁ 

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ရှော်တော်ရွာက စစ်ကောင်စီခန့် အုပ်ကြီးနဲ့ အုပ်ကြီးကတော်ကို ဖောင်းဒိုင်း (၈)ချက်ကျွေးပြီး ငရဲကို ပို့ခဲ့တယ်လို့ PGF Kyaukpadaung က ထုတ်ပြန်ပါတယ်။ 

အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့စဉ်မှာ အမျိုးသမီးက ပြန်လည်ခုခံတဲ့အတွက် မလွဲမရှောင်သာ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီလို ပစ်ခတ်ရှင်းလင်းစဉ် ရွာအတွင်း သေနတ်ပစ်ဖောက်ရတာဟာ နောက်တက်မယ့် အုပ်ကြီးကို သတိပေးတာနဲ့ သတင်းပေးတွေကို သတိပေးတာဖြစ်ပြီး ပြည်သူတွေကို ထိတ်လန့်စေခဲ့တဲ့အတွက် တောင်းပန်တယ်လို့လည်း PGF Kyaukpadaung က ပြောဆိုပါတယ်။ 

ကျောက်ပန်းတောင်းမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတွေဟာ ပြည်သူတွေကို ဒုက္ခမပေးကြဖို့လည်း သတိပေးလိုက်တယ်လို့ ဆိုပါတယ်။ 


Mandalay Free Press - MFP

ကျောက်ပန်းတောင်းက အုပ်ကြီးနဲ့ အုပ်ကြီးကတော်ကို ဖောင်းဒိုင်း (၈)ချက်နဲ့ ငရဲကိုပို့ခဲ့တယ်လို့ PDF ပြော ကျောက်ပန်းတောင်းက အုပ်ကြီးနဲ့ အုပ်ကြီးကတော်ကို ဖောင်းဒိုင်း (၈)ချက်နဲ့ ငရဲကိုပို့ခဲ့တယ်လို့ PDF ပြော Reviewed by THITHTOOLWIN on 00:45 Rating: 5

No comments:

Powered by Blogger.