ဇွန်(၈)
စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ စခန်းချပြီး ကျေးရွာအတွင်းက ဘုန်းတော်ကြီးကျောင်းရဲ့ အလှူငွေတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ရွှေ၊ငွေတွေကို ခိုးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မော်လိုက်PDF အဖွဲ့က ဇွန်လ(၇)ရက် မနက်ပိုင်းမှာ ၀င်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မနက်(၁၀)နာရီ၀န်းကျင်ကစပြီး မော်လိုက် PDF က ၀င်ရောက်တိုက်ခိုက်ရာမှာ မိနစ်(၃၀)၀န်းကျင် အပြန်လှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၁၃)ယောက် သေဆုံးခဲ့တယ်လို့ မော်လိုက်PDF နဲ့ နီးစပ်သူတစ်ဦးက မျက်မှောက်ခေတ် ကိုပြောပါတယ်။
"အဲ့ဒီရွာထဲကို စစ်ခွေးတွေ၀င်ပြီး တပ်စွဲတာ။စစ်ဘေးရှောင်တွေနေတဲ့ရွာ။ သူတို့၀င်လာတော့ ရွာထဲကလူတွေအကုန်ထွက်ပြေးရတယ်။ပြီးတော့ PDF အဖွဲ့က၀င်ပစ်တာ။စစ်ခွေး(၁၃)ယောက်သေတယ်"လို့ မော်လိုက်PDFအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက် ကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ခိုးယူသွားတဲ့ ဘုန်းတော်ကြီးကျောင်းရဲ့ အလှူငွေတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ရွှေ၊ငွေ စုစုပေါင်းဟာ ကျပ်သိန်း (၅၀၀)၀န်းကျင် ရှိတယ်လို့လည်း သိရပါတယ်။
မော်လိုက် PDF အဖွဲ့က ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေအထိနာပြီး ကျေးရွာကနေ ဆုတ်ခွာသွားချိန်မှာ အသက်မပြည့်သေးတဲ့ ပြည်သူ (၂)ယောက်ကိုလက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ထားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ မော်လိုက်PDF က ရဲဘော်တွေ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
မျက်မှောက်ခေတ်
No comments:
Post a Comment