ချောင်းဦး၊ ဇွန် ၆၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တပါယ်အင်းရွာရှိနေအိမ်တွေကို ဇွန်လ ၅ ရက်နေ့က အင်အား ၈၀ ခန့် ပါဝင်တဲ့ ပျူစောထီးရွာ ၂ ရွာပေါင်းပြီး၊ မီးရှို့သွားကာ PDF ရဲဘော်တဦးလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"တပါယ်အင်းရွာကိုမနေ့ကမီးရှို့သွားကြတာ၊ PDF ရဲဘော် တယောက်ကျတယ်၊ PDF ရဲဘော် တယောက်ဒဏ်ရာရရှိပြီး အဖမ်းဆီးခံရတာမှာ မီးရှို့သတ်ပစ်ကြတာ၊ ဒေသခံတွေက လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတဲ့က ဝင်လိုက်ထွက်လိုက်ပေါ့၊ ရွာထဲမှာတော့နေရဲဘူး၊ စစ်ဘေးရှောင်စခန်းတွေမှာနေရတယ်။ အခုလောလောစယ်တော့ စစ်တပ်ကပျူရွာမှာစခန်းချထားတယ်။ စစ်ကောင်စီအင်အားကနည်းတယ်အ။ ဓိကတော့ပျူအင်အားများတာ" လို့ ဒေသခံတဦးကပြောပါတယ်။
မနေ့ကညနေ ၃ နာရီခွဲခန့်က တပါယ်အင်းရွာကို မီးရှို့ခဲ့တာဖြစ်ပြီး၊ ရွာရဲ့ ၃ ပုံ ၂ ပုံ အိမ်ခြေ ၇၀ လောက်မီးထဲပါသွားတယ်လို့ သိရပါတယ်။ ချောင်းဦးမြို့နယ်ထဲက ပျူစောထီးတွေနေထိုင်တဲ့ ကင်းပုန်းရွာနဲ့ ကံဇီးရွာ ပေါင်းပြီးတော့ တပါယ်အင်းရွာကအိမ်တွေမီးရှို့သွားတာလို့ ဒေသခံတွေက အခိုင်အမာပြောဆိုထားပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ချင်းမရှိသေးပါဘူး။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment