ဂန့်ဂေါမှာ PDF တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲ ၂ကြိမ်ဖြစ်လို့ စစ်အုပ်စုက ၂၀ နီးပါးသေဆုံးဟုဆို


ဂန့်ဂေါ၊ ဇွန်၉၊ ၂၀၂၂။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မနေ့ကတရက်တည်း ဒေသခံ PDF တွေရဲ့ ၂ကြိမ် တိုက်ခိုက်တာခံရလို့ စစ်ကောင်စီဘက်က ၂၀ဦးနီးပါး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ပျူစောထီးနဲ့ စစ်သားအင်အား ၁၅၀ နီးပါးပါတဲ့ စစ်ကြောင်းကို ယောPDF တပ်ရင်း တပ်ခွဲတွေက မနက် ၈နာကျော်မှာ တကြိမ် ညနေ ၃ နာ‌ရီလောက်မှာ တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ဂန့်ဂေါတပ်ရင်း(ယောဒေသ)တာဝန်ရှိသူက ပြောပါတယ်။

" "ရဲလှရွာကနေ မွှေ့လယ်ကို စကစချီတက်တာ ခြေလျင်လား တက်လာတာဗျ အဲမှာလည် အပြန်အလှန်ပစ်ကြတာ ဟုတ်တယ်ဗျ၊ နေ့လည်ဘက်မွှေ့လယ်ရွာမှာ စခန်းချပြီး ညနေပိုင်းမှာ ရေရှင်ရွာကို ထပ်ပြီးထွက်တာပါ သူတို့ဘက်ကလည်း ၄၀ မမ ၆၀မမ စက်လက်တွေနဲ့  ပြန်ပစ်တယ်ဗျ အဲဒီမနက်ည တိုက်ပွဲမှာပဲ သူတို့ဘက်က စစ်သားရော ပျူရော အယောက်၂၀ လောက်သေတာ" လို့ ဂန့်ဂေါတပ်ရင်းက တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ပါခဲ့တဲ့ Yaw Regional PDF's Alliance-YRPAတာဝန်ခံကလည်း "ကျနော်တို့လက်နက်ကြီးနဲ့ထုတယ်၊ ဒရုန်းနဲ့ဗုံးချတယ်၊မိုင်းပြန်ခွဲတယ်၊အဲဒီအချိန်မှာသူတို့ဘက်က ထိခိုက်သေဆုံးမှုက ၅ ယောက်ဝန်းကျင်ရှိမယ်၊ မနက်ကတော့ သူတို့ဘက်က ၁၀ ယောက်ကျော်ကျော်ကတော့မိုင်းကွင်းထဲသေဆုံးပြီး ဗုံးသီးချလို့ ၃ ယောက်ကသေတယ်၊ စုစုပေါင်းသူတို့ဘက်က ၂၀ ဝန်းကျင်လောက်သေတယ်" လို့ ပြောပါတယ်။

အင်အား ၁၅၀ကျော်ပါတဲ့ ပျူအပါအဝင် စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၇ရက်က နှမ်းခါးရွာ ကနေရဲလှရွာကို စစ်ကြောင်းထိုးလာပြီး ရဲလှရွာမှာ တညအိပ်ကာ မနေ့က မနက်ပိုင်း ရဲလှရွာကနေ မွေ့လယ်ရွာကို အသွားမှာ ၁ကြိမ် မွေ့လယ်ရွာက ရေရှင်ရွာကို အသွားမှာ တကြိမ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

မနေ့က ကြားဖြတ်တိုက်ခိုက်မှုကို အနောက်ပိုင်းတိုင်း စစ်ဒေသ (ခွဲ) တပ်ရင်း-၇၀၁/ PEOPLE’S DEFENCE FORCE – GANGAW BATTALION (YRPA)၊ တပ်ရင်း-၇၀၄၊ တပ်ရင်း-၇၀၆/HYPER UAV FORCE နှင့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF (YRPA) တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF တွေဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ဂန့်ဂေါမှာ PDF တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲ ၂ကြိမ်ဖြစ်လို့ စစ်အုပ်စုက ၂၀ နီးပါးသေဆုံးဟုဆို ဂန့်ဂေါမှာ PDF တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲ ၂ကြိမ်ဖြစ်လို့ စစ်အုပ်စုက ၂၀ နီးပါးသေဆုံးဟုဆို Reviewed by THITHTOOLWIN on 18:59 Rating: 5

No comments:

Powered by Blogger.