ရေစကြိုမြို့နယ်ရှိ ဆင်ဖြူရှင်တံတားဂိတ်စခန်းအား PDF များတိုက်ခိုက်သိမ်းပိုက်၊ စကစတပ်သား (၃) ဦသေဆုံးပြီး ငွေသား သိန်း (၁၀၀) ကျော်နှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ
ဇွန် ၉
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းအား ယနေ့နေ့လည် ၁၂ နာရီမှ ၁ နာရီထိ အချိန် ၁ နာရီခန့်ကြာ တိုက်ပွဲဆင်နွှဲပြီး အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင် မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့ နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (Salingyi Special Task Force) ညီနောင်မဟာမိတ် ( ၃ ) မြို့နယ် ပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း " ခွေး (၃) ကောင်ဂန့်ပြီး အများအပြားထိခိုက်ဒဏ်ရာဖြင့် ထွက်ပြေးသွားကြပီး ခွေး (၁) ကောင်အရှင်ဖမ်းမိခဲ့ပါသည် " ဟု ညီနောင်မဟာမိတ်များက ဖော်ပြသည်။
စခန်းသိမ်းတိုက်ပွဲတွင် စကစတပ်စခန်းမှ G-3 ( ၄ ) လက်၊ အူစီ ( ၃ ) လက်၊ ခြောက်လုံးပြူး ( ၁ )လက်နှင့် ကျည် ( ၁၀၀၀ )၊ ဆိုင်ကယ် ( ၄) စီး၊ ငွေသား သိန်းတစ်ရာ့တစ်ဆယ်၊ ဗုံးသီး (၁) လုံး သိမ်းဆည်းရမိပြီး ဂိတ်စခန်းအားမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ပြည်သူ့မေတ္တာကြောင့် ပြည်သူကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ ဆက်လက်၍ မဟာမိတ်ညီနောင် ( ၃) မြို့နယ်သည် ခိုင်မာစွာလက်တွဲ၍ ညီညွတ်စွာ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
PDF Newsflash
No comments:
Post a Comment