မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြောက်ကျောက်တပ်ပူးပေါင်းအဖွဲ့က မိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။
ယနေ့ နံနက် ၇နာရီဝန်းကျင်ခန့်က အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းကို ရေစကြိုမြို့နယ် ပေါက်တောကျွန်းရွာနှင့် မိဖုရားကြားအရောက်တွင် ပဒေသာမိုင်းများဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှအများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး ထိခိုက်ကျဆုံးအခြေ အနေအား စုံစမ်းနေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေစကြို PDF၊ သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့ ၊ ရေလည်ကျွန်းတပ်ပေါင်းစုတပ်ရင်း ၊စည်တော်ကြီးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်အတွင်း ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များထိခိုက်မှုမရှိဟု ထုတ်ပြန်ခဲ့သည်။
People's Spring
No comments:
Post a Comment