တောင်သာ-မြင်းခြံလမ်းပိုင်းတွင် PDF ရဲဘော်များမှ သုံးရက်တိတိအစာငတ်ခံ၍ စကစကားအလာစောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်၊ မြို့နယ်မှုးအပါအဝင် (၄) ဦးပြင်းထန်ဒဏ်ရာရ


ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ တောင်သာ-မြင်းခြံလမ်းပိုင်း၊ တမံကြီးရွာနှင့် နန်းမြင့်ရွာအကြားတွင် စစ်ကောင်စီရှေ့ပြေးပွိုင့်ကားအား မဟာမိတ်အဖွဲ့များမှ မိုင်း (၃) လုံးဆွဲတိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိသွားကြောင်း မဟာမိတ်အဖွဲ့များမှ ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် " စစ်ကောင်စီဘက်မှ အသေပျောက်သတင်း မရသေးသော်လည်း သေမင်းထံ လိုင်စင်ယူစဲကာလဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် " ဟု မဟာမိတ်အဖွဲ့များက ဖော်ပြထားသည်။

အဆိုပါစစ်ဆင်ရေးအား မြေလတ်-PDF MGN District၊ Seven People Defense Force၊ TTAပြောက်ကျားတပ်ဖွဲ့၊ 27Revolution force၊ Natogyi Regional Defence Force နှင့် The Value Of Young Men တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များမှာ (၃) ရက်တိတိ အစာငတ်ခံ၍ မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


PDF Newsflash

တောင်သာ-မြင်းခြံလမ်းပိုင်းတွင် PDF ရဲဘော်များမှ သုံးရက်တိတိအစာငတ်ခံ၍ စကစကားအလာစောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်၊ မြို့နယ်မှုးအပါအဝင် (၄) ဦးပြင်းထန်ဒဏ်ရာရ တောင်သာ-မြင်းခြံလမ်းပိုင်းတွင် PDF ရဲဘော်များမှ သုံးရက်တိတိအစာငတ်ခံ၍ စကစကားအလာစောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်၊ မြို့နယ်မှုးအပါအဝင် (၄) ဦးပြင်းထန်ဒဏ်ရာရ Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.