PDF ထောင်ထားတဲ့ မိုင်းကိုဖြုတ်နေရင်း ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး

တောင်သာ၊ မေ ၃၁ ၊ ၂၀၂၂။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေဟာ မေလ ၃၁ ရက် ဒီမနက် ၉ နာရီလောက်က PDF တွေထောင်ထားတဲ့ မိုင်းကိုဖြုတ်နေရင်း ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီမိုင်းတွေကို တောင်သာမြို့နယ်၊ ကုန်းပုထိုးရွာနဲ့ ကန်ရွာအကြားမှာ PDF ၆ ဖွဲ့က ပူးပေါင်းချထားတာဖြစ်ပြီး၊ စစ်တပ်က သတင်းရလို့ လာဖြုတ်တဲ့အချိန်မှာ ပေါက်ကွဲခဲ့တာလို့ TTA - ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။ 

“ကုန်းပုထိုးနဲ့ ကန်ရွာကြားထဲလမ်းပေါ်မှာ မိုင်းတင်ထားတာ၊ ကုန်ပုထိုးလမ်းခွဲနားမှာ ပေါက်ကွဲတာ၊ မိုင်းက ၆ လုံးတင်တာ၊ သူတို့က သတင်းရလို့ လာရှင်းတာ၊ တခါကွဲရင် မိုင်း ၃ လုံးကွဲတယ်၊ အဖွဲ့ ၆ ဖွဲ့ဝိုင်းပြီးတော့ ဆင်ခဲ့ကြတာ၊ တယောက်တလက်လုပ်ပြီးတော့ ဆင်ခဲ့တာ၊ ၄ ကောင် သေသွားတယ်၊ “ လို့ ပြောပါတယ်။ 

ဒီမိုင်းတွေကို မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) (မြေလတ်-PDF MGN District )၊ Seven People Defense Force ၊ TTA - ပြောက်ကျားတပ်ဖွဲ့) ၊ 27 Revolution Force၊ Natogyi Regional PDF၊ The Value of Young Men အဖွဲ့တို့က ပူပေါင်းတပ်ဆင်ထားခဲ့တာလို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာမှာ စစ်တပ်က လက်ရှိအချိန်ထိ လမ်းတွေပိတ်ပြီး စစ်ဆေးတာတွေလုပ်နေတယ်လို့လည်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

PDF ထောင်ထားတဲ့ မိုင်းကိုဖြုတ်နေရင်း ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး PDF ထောင်ထားတဲ့ မိုင်းကိုဖြုတ်နေရင်း ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး Reviewed by THITHTOOLWIN on 00:37 Rating: 5

No comments:

Powered by Blogger.