မုံရွာ၊ မေလ ၃၁၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က PDF တွေကို စိန်ခေါ်ခဲ့တဲ့ တောပုရွာက ပျူစောထီးအဖွဲ့ဝင်တဦးကို မေလ ၃၀ ရက် မနေ့ညနေ ၃ နာရီက သုတ်သင်ရှင်းလင်း ခဲ့တယ်လို့ Black Hunter People's Tast Force က ပြောပါတယ်။
တောပုရွာမှာနေထိုင်တဲ့ အသက် ၃၀ အရွယ်လောက်ရှိတဲ့ ကိုခိုင်ဝင်း ဆိုသူဟာ မူးပြီး PDF တွေကို စိန်ခေါ်နေလို့ သေနတ်နဲ့ ၃ ချက် ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
"ပျူသင်တန်း တတ်ရောက်ထားပြီး ပျူစောထီး အဖွဲ့ဝင်တယောက်ပါ။ မနေ့က နေ့လည်လောက် ကတည်းက ဒီကောင်မူးပြီး အနီးအနားက ရွာတွေထဲကိုပတ်ပြီး PDF တွေကို စိန်ခေါ်နေတာ ရွာထဲကလူတွေလည်း ကြောက်ပြီး ကျနော်တို့ကို တိုင်တယ်။ ပျူစောထီး အဖွဲ့ဝင်မှန်းသေချာလို့ ရွာထဲကိုပတ်ရှာပြီး တွေ့တဲ့ အချိန်မှာပဲ သေနတ်နဲ့ ၃ ချက်ပစ်ပြီးသုတ်သင်ရှင်းလင်းခဲ့တာပါ PDF တွေကိုမကျေနပ်ဘူး အကုန်ရှင်းပစ်မယ်မိုက်ရင်ထွက်ခဲ့ဆိုပီး စိန်ခေါ်တယ်ဗျ ဒီကောင်ဆီမှာသေနတ်ပါတယ်လို့ပြောတယ်။ ကျနော်တို့ရှင်းလင်းတဲ့အချိန်မှာ ဘာသေနတ်မှမပါပါဘူး ဓားအတိုတချောင်းပဲပါတာ"လို့ Black Hunter အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ရက်နေ့ကလည်း ကိုခိုင်ဝင်းရဲ့ ယောက်ဖ တော်စပ်တဲ့ ဒလန်လို့သတင်းထွက်ပေါ်နေသူ ဗိုလ်လုပ် ဆိုသူကိုလည်း အဲ့ဒီအဖွဲ့က ရှင်းလင်းခဲ့သေးပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီ ဒေါက်တိုင် ပျူစောထီးနဲ့ ဒလန်တွေအနေနဲ့လည်း အချိန်မှီပြည်သူ့ဘက်က ရပ်တည်ဖို့နဲ့ စစ်ကောင်စီအလိုကျ ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထပ်မံဒုက္ခပေးနေမယ်ဆိုပါက ပြင်းထန်စွာ အရေးယူသွားမယ်လို့လည်း သူတို့အဖွဲ့က သတင်းထုတ်ပြန် ထားပါသေးတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment