အတွဲလိုက်တာဝေးပစ်ရှော့တိုက်အမြောက်ကို ဘုတလင်မြို့အခြေစိုက် ဒုံးပျံဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (Local PDF)ကအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီး စစ်ကောင်စီဂိတ်ကို ယင်းလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်သည်။
တာဝေးပစ်ရှော့တိုက်အမြောက်ကိုမေ ၃၁ရက်ကအပြီးသတ်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်ယနေ့( ဇွန် ၁ရက်) နံနက် ၁၁နာရီ ၃၀မိနစ်ခန့်တွင် စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒုံးပျံ Local PDFကထုတ်ပြန်ထားသည်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု ရှိ၊မရှိကိုမူဖော်ပြထားခြင်းမရှိပေ။တိုက်ခိုက်မှုနောက်ဆက်တွဲကို People's Spring အနေဖြင့်လည်းသီးခြားအတာ်မပြုနိုင်ပေ။
စစ်ကောင်စီတပ်ကဘုတလင်မြို့အထွက် ကြောင်ပန်းတောရကျောင်းအနီးတွင်အထိုင်ချကာပြည်သူလူထုထံမှဆပ်ကြေးကောက်နေ၍ တိုက်ခိုက်ခဲ့ခြင်းဟုဖော်ပြထားသည်။
" နောက်နေ့တွေ ထပ်စစ်နေရင်လည်း ထပ်ပစ်ခတ်နေဦးမှာပါ" ဟု ဒုံးပျံLocal PDFက သတိပေးသည်။
"ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေဆီကနေအကြောင်းမရှိဘဲ ငွေကြေးများအတင်းအကြပ်တောင်းရမ်းကောက်ခံနေတဲ့အတွက်ကြောင့်မို့ ဂိတ်ရှိနေသ၍ ထိုဂိတ်နေရာကိုဆက်ပြီးပစ်ခတ်နေဦးမှာပါ " ဟုလည်းအသိပေးသည်။
ဒုံးပျံLocal PDFအဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက်ညနေက မုံရွာရှိ အနောက်မြောင်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်းသို့အခြားPDF များနှင့်ပူးပေါင်း၍ အမြောက်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မေလ တတိယအပါတ်တွင်လည်း စစ်ကောင်စီတပ်ကို အမြောက်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
People's Spring
No comments:
Post a Comment